Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း

01 Feb,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နေပြည်တော်

စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း

၁။         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ (၂၀-၁၂-၂၀၂၂) ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ခေါ်ယူ ထားသည့် အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ အငယ်တန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ-၄ (မြို့ပြ)၊ ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးနှင့် စာရင်းကိုင်-၄ ရာထူးနေရာများအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲများကို အောက်ပါအစီအစဉ်အတိုင်းကျင်းပသွားမည် ဖြစ်ပါသည်-

            (က)    စာမေးပွဲဖြေဆိုရမည့်ရက်      -   ၂၀၂၃ခုနှစ်၊‌ ဖေဖော်ဝါရီလ (၆) ရက်(တနင်္လာနေ့)

            (ခ)     ဖြေဆိုရမည့်ဘာသာရပ်များ   -   နံနက်(၈:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ

                                                                 မြန်မာစာ + အင်္ဂလိပ်စာ

  • နေ့လည်(၁၂:၃၀)နာရီမှ(၁၄:၃၀)နာရီအထိ၊
  •  

၂။       စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို (၂-၂-၂၀၂၃)ရက်နေ့မှစ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုရမည့် စာစစ်ဌာနတည်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ Website ဖြစ်သော www.drdmyamnar.orgတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် စာမေးပွဲကျင်းပပြုလုပ်မည့်စာစစ်ဌာနများ၏ တည်နေရာအား ဖော်ပြပေးထားမည်ဖြစ်ပါကြောင်းနှင့် လူတွေ့စစ်ဆေးခြင်းပြုလုပ်မည့်ရက်အား ရေးဖြေစာမေးပွဲဖြေဆိုသည့် သက်ဆိုင်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးများတွင် ဆက်သွယ်စုံစမ်းရန်ဖြစ်ပါသည်။

၃။      စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်၊ နံနက် (၈:၀၀)နာရီ အရောက် ဖြေဆိုရမည့်စာစစ်ဌာနများသို့ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ ဖြေဆိုခွင့် ကဒ်ပြား နှင့်အတူလာရောက်သတင်းပို့ရန်နှင့် စာမေးပွဲခန်းမအတွင်းသို့အချိန်နောက်ကျရောက်ရှိ လာသူများအား စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

 

                                                                ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန


newpaper(1-2-2023).pdf

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm