Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

01 Feb,2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် နောက်ဆုံးနှစ်ဘွဲ့စာမေးပွဲများကိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် မဟာဘွဲ့စာမေးပွဲများကိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား ဘွဲ့အပ်နှင်း ချီးမြှင့်ရန်အတွက် အဋ္ဌမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘွဲ့နှင်းသဘင်တက်ရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ကြောင်း ကြေညာလိုက်သည်-

အပ်နှင်းမည့်ဘွဲ့များ

            (က)       မဟာဘွဲ့များ

            ( ခ )       စီးပွားရေးသိပ္ပံဘွဲ့များ  

ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်

            အစမ်းလေ့ကျင့်မည့်ရက်                 -    ၂၃-၂-၂၀၂၃(ကြာသပတေးနေ့) နံနက်(၀၉:၀၀)နာရီ

            ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်          -    ၂၅-၂-၂၀၂၃(စနေနေ့) နံနက်(၀၉:၀၀)နာရီ

            ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ        -    သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)

မှတ်ချက်။          (၁)       ဘွဲ့နှင်းသဘင်ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲတွင် ကြေညာပေးမည်

                                    ဖြစ်ပါသည်။

                        (၂)       ဘွဲ့လျှောက်လွှာများကို ၂-၂-၂၀၂၃ ရက်မှ ၈-၂-၂၀၂၃ ရက်အတွင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲတွင်

                                   သတ်မှတ်ထားသော ဘွဲ့နှင်းသဘင်လျှောက်လွှာပုံစံထုတ်ယူ၍ လျှောက်ထားရမည်။

                       (၃)       တစ်လအတွင်း မြန်မာဝတ်စုံဖြင့် ရိုက်ကူးထားသော (၂လက်မ x ၁လက်မခွဲ) ဓာတ်ပုံ (၂)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူတင်ပြလျှောက်ထားရမည်။

                       (၄)       ဘွဲ့နှင်းသဘင်တက်ရောက်ဘွဲ့ယူကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့အပ် နှင်းသည့်ရက်များတွင် ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ဝတ်စားဆင်ယင်ကြရန်

                                   ဖြစ်ပါသည်။ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား)တို့ကို အပြည့်အစုံဝတ်ဆင်သူများကိုသာ ဘွဲ့နှင်းသဘင်အခမ်းအနား

                                   (အစမ်းလေ့ကျင့်ပွဲအပါအဝင်)သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

                       (၅)       ဘွဲ့ဝတ်စုံငှားရမ်းခွင့်ထောက်ခံစာ၊ ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့်ပြုသည့် လက်မှတ်နှင့် ဧည့်လက်မှတ်များကို ၂၀-၂-၂၀၂၃ ရက်နေ့နှင့် ၂၁-၂-၂၀၂၃ ရက်နေ့

                                  များတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) သင်တန်းရေးရာဌာန၊  စာမေးပွဲနှင့်ဘွဲ့နှင်းဌာနခွဲသို့ ကိုယ်တိုင်လာရောက်ထုတ်ယူရန်ဖြစ်သည်။

                                                                                                                       

                                                                                                                       

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm