Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင်လစ်လပ်လျက်ရှိသော နည်းပြရာထူးနေရာများအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း

18 Jan,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိသမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင်လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၅၂)နေရာအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိသမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင်လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၅၂)နေရာတို့တွင်အောက်ပါပညာအရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်သည်-

စဉ်

ခန့်ထားမည့်

နေရာနှင့် ဦးရေ

ဘွဲ့အလိုက်

ခန့်ထားမည့်

ဦးရေ

ပညာ

အရည်အချင်း

၁။

သမဝါယမကောလိပ်

(၂)

M.Econ(Eco), MPA, MSEM, MRD

 

(ဖောင်ကြီး)-(၇)ဦး

(၂)

M.Com, M.Act, MAF, MBA, MMM

 

 

(၁)

M.A(Myan)

 

 

(၁)

MPS, M.Sc(Stats), MAS

 

 

(၁)

M.A(Geog)

၂။

သမဝါယမကောလိပ်

(၁)

M.Com

 

(မန္တလေး)-(၂)ဦး

(၁)

M.Sc(Maths)

၃။

သမဝါယမစာရင်းရေး၊

(၆)

B.Econ(Eco), B.B.Sc(SEM), B.B.Sc(RD)

 

စာရင်းကိုင်သက်မွေးပညာ

(၃)

BBM, BBA, B.B.Sc(MM)

 

သင်တန်းကျောင်း-(၄၃)ဦး

(၁၀)

B.Com, B.Act, BBM, B.B.Sc(AF)

 

(တောင်ကြီး၊ မကွေး၊

(၇)

B.C.Sc, B.Sc(Computer Science)

 

ပုသိမ်၊ မော်လမြိုင်၊

(၄)

B.A(Myan)

 

မန္တလေး )

(၆)

B.A(Eng)

 

 

(၇)

B.Sc(Maths)

 

 

 

(ဘွဲ့အလိုက် မဟာဘွဲ့ရရှိသူ၊ မဟာဘွဲ့တက်ရောက်ရန်အဆင့်မီသူများအားဦးစားပေးမည်။)

၂။            လျှောက်ထားသူသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)   (၃၁-၁-၂၀၂၃)ရက်နေ့တွင်ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါကအသက်(၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(ဂ)   ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါက ဌာနတွင်အနည်းဆုံး(၅)နှစ်တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရမည်။

(င)   သမဝါယမကောလိပ် (ဖောင်ကြီး၊ မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)သို့ ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။

(စ)   အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့(၃-၂-၂၀၂၃)ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

(ဆ) လျှောက်လွှာများကိုသမဝါယမဦးစီးဌာန(ရုံးချုပ်)-နေပြည်တော်၊ သမဝါယမကောလိပ်(ဖောင်ကြီး၊မန္တလေး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများတည်ရှိရာတိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့(၃-၂-202၃)ရက်နေ့နောက်ဆုံးထား၍ပေးပို့ရမည်။

၃။            လျှောက်လွှာတွင် ဖြေဆိုလိုသည့် ကောလိပ်/သင်တန်းကျောင်းအား ထင်ရှားစွာ ဖော်ပြ ရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူအောက်ဖော်ပြပါစာရွက်စာတမ်းများကိုပူးတွဲတင်ပြရမည် -

(က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ဂ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့်ပြစ်မှုကင်းရှင်းကြောင်းကိုသက်ဆိုင်ရာရပ်ကွက်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ထောက်ခံချက်မူရင်း[လွန်ခဲ့သော(၁)လအတွင်း]

(ဃ) နိုင်ငံ့ဝန်ထမ်းများအတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာနထောက်ခံချက်

(င) ကျန်းမာကြောင်းဆေးထောက်ခံစာ

(စ) ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ[လွန်ခဲ့သော (၁)လ ခန့်အတွင်း]

၄။            ရေးဖြေစာမေးပွဲကို သမဝါယမကောလိပ်/သင်တန်းကျောင်းများတွင် (၁၁-၂-၂၀၂၃)ရက်နေ့၌ပြုလုပ်သွားမည်ဖြစ်ပြီးဖြေဆိုရမည့်ဘာသာရပ်များမှာမြန်မာစာ၊အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတတို့ဖြစ်ပါသည်။(၉-၂-၂၀၂၃)ရက်နေ့မှစတင်၍ ရေးဖြေဖြေဆိုခွင့်ကတ်ပြားထုတ်ပေးခြင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ရေးဖြေအောင်မြင်သူများအမည်စာရင်းကိုသက်ဆိုင်ရာကောလိပ်/တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင်ကြေညာပေးမည်ဖြစ်ပြီးရေးဖြေအောင်မြင်သူများအားလူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

၅။            အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းအချက်အလက်မပြည့်စုံသူများနှင့်သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသောလျှောက်လွှာများကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။အသေးစိတ်သိရှိလိုပါက ဖောင်ကြီးကောလိပ် ၀၉-၄၅၁၁၅၃၆၆၄/၀၉-၄၅၂၄၂၆၉၁၂၊ မန္တလေးကောလိပ် ၀၂-၅၇၁၉၆၊ ရှမ်းပြည်နယ်ရုံး ၀၉-၄၀၁၇၀၄၅၄၀၊မကွေးတိုင်းရုံး ၀၉-၄၂၀၈၃၈၁၈၂၊ဧရာဝတီတိုင်းရုံး ၀၄၂-၂၁၂၁၃၊ မွန်ပြည်နယ်ရုံး 057-24684၊မန္တလေးတိုင်းရုံး 02-4039147၊သမဝါယမဦးစီးဌာန(ရုံးချုပ်) 067-3410336သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သမဝါယမဦးစီးဌာန




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm