Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

20 Oct,2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်

လျှောက်လွှာခေါ်ယူခြင်း

၁။           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ရာထူးနေရာများ လစ်လပ်လျက်ရှိပါသည်-

(က)

အငယ်တန်းအင်ဂျင်နီယာ(၃)(မြို့ပြ)ရာထူး

(လစာနှုန်းကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

လစ်လပ်(၆၀)နေရာ

(ခ )

အငယ်တန်းစာရေးရာထူး

(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

လစ်လပ်(၉)နေရာ

(ဂ )

ဒုတိယလက်ထောက်ကွန်ပျူတာစီစဉ်ရေးမှူး

(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

လစ်လပ်(၅)နေရာ

(ဃ)

စာရင်းကိုင်(၄)

(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

လစ်လပ်(၂၀)နေရာ

(င )

အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ)ရာထူး

(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

လစ်လပ်(၁၀)နေရာ

၂။           လျှောက်ထားသူသည်-

              (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

              (ခ )     အငယ်တန်းအင်ဂျင်နီယာ(၃)(မြို့ပြ)၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက် ကွန်ပျူတာစီစဉ်ရေးမှူး၊ စာရင်းကိုင်(၄)၊ အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ) ရာထူးများ

                         အတွက်(၃၁-၁၀-၂၀၂၂)ရက်နေ့တွင် အသက်(၃၀)နှစ်ထက် မကျော်လွန်သူ၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

              (ဂ )    အငယ်တန်းအင်ဂျင်နီယာ(၃)(မြို့ပြ)ရာထူးအတွက် မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိသူ ဖြစ်ရမည်။

              (ဃ)    အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်ဘွဲ့တစ်ခုခုရရှိပြီး၊ ကျွမ်းကျင်မှုအရည် အချင်းမှာ အင်္ဂလိပ်စာ/ကွန်ပျူတာ အခြေခံရှိသူ ဖြစ်ရပါမည်။

              (င )     ဒုတိယလက်ထောက်ကွန်ပျူတာစီစဉ်ရေးမှူးရာထူးအတွက် တက္ကသိုလ်ဘွဲ့တစ်ခုခု ရပြီး၊ ကျွမ်းကျင်မှုအရည်အချင်းမှာ ကွန်ပျူတာသင်တန်းအောင်လက်မှတ်ရရှိသူ

                         ဖြစ်ရပါမည်။

              (စ )     စာရင်းကိုင်(၄)ရာထူးအတွက် တက္ကသိုလ်ဘွဲ့တစ်ခုခုရရှိထားသူ ဖြစ်ရပါမည်၊ (စာရင်းအင်း/ စာရင်းကိုင်ပညာဆိုင်ရာဘွဲ့ရရှိသူ/ စာရင်းကိုင်ပညာဆိုင်ရာဒီပလိုမာ(DA)

                         ရရှိသူများအား ဦးစားပေးစဉ်းစားမည်)

               (ဆ)    အငယ်တန်းအင်ဂျင်နီယာ(၄)(မြို့ပြ)ရာထူးအတွက် စက်မှုလက်မှုသိပ္ပံဒီပလိုမာ(မြို့ပြ) အောင်လက်မှတ်ရရှိထားသူ ဖြစ်ရပါမည်။

               (ဇ)     ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

               (ဈ)    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး  ဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

               (ည)    နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၃)နှစ် နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

၃။         လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်းနှင့်‌အောင်မြင်သည့်ခုနှစ် မိဘအမည်၊ နိုင်ငံသား

စိစစ်ရေး ကတ်ပြားအမှတ်နှင့် ၎င်းတို့၏ အလုပ်အကိုင်၊ ဝန်ထမ်းဖြစ်လျှင် လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်၊ ပြင်ပပုဂ္ဂိုလ်များအတွက် အလုပ်သမားမှတ်ပုံတင်အမှတ်၊ နေ့စွဲနှင့်

အလုပ်သမားရုံးအမည်၊ ဆက်သွယ်ရန် လိပ်စာ၊ ဆက်သွယ်ရန်တယ်လီဖုန်းနံပါတ်၊ အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြရမည်။

၅။           လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-

                (က)     ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

                (ခ )     အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)၊

                (ဂ )     နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှု ကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံချက်မူရင်း

                           (လွန်ခဲ့သော(၁)လအတွင်း) (ဝန်ထမ်းများအတွက်ကိုယ်တိုင်ဝန်ခံချက်၊ဌာနထောက်ခံချက်)

               (ဃ)     နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ

                (င )     ကျန်းမာကြောင်းဆေးထောက်ခံစာ

                (စ )     ပတ်စပို့ဓာတ်ပုံ(၃)ပုံ (လွန်ခဲ့သော(၆)လခန့်)

၆။           သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)  ရုံးအမှတ်(၁၁)သို့လည်ကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ရုံးများနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်ကျေးလက်ရုံးများအတွက် သက်ဆိုင်ရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးများတွင်လည်ကောင်း (၂၈-၁၀ -၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာပေးပို့ရမည်။

၇။         နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာ(၁)စောင်ကို မိမိတာဝန်ထမ်းဆောင်ရသည့် ဌာန  ထောက်ခံချက်ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ (၂၈-၁၀-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍  အရောက်ပေးပို့ရန်ဖြစ်ပါသည်။ (ကြိုတင်လျှောက်လွှာ(၁)စောင်ကို ရေးဖြေ ဖြေဆိုမည့်နေရာ၌ သတ်မှတ်လျှောက်လွှာပိတ်ရက်မတိုင်မီ တင်သွင်းရမည်။)

၈၊၊         ရေးဖြေစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ပြုလုပ်မည်ဖြစ်ရာ ဖြေဆိုလိုသည့် တိုင်းဒေသကြီး/ပြည်နယ်အား လျှောက်လွှာတွင် ထင်ရှားစွာဖော်ပြရန် ဖြစ်ပါသည်။ ဖြေဆိုရမည့်ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတတို့ဖြစ်ပြီး စာမေးပွဲကျင်းပမည့် နေ့ရက်၊ နေရာနှင့်အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများတွင် ကြိုတင်ကြေညာပါမည်။

၉။       အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသူများ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက် အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)၊ တယ်လီဖုန်းနံပါတ်၊ ၀၆၇-၃၄၀၇၈၅၇သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm