Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမိုင်းကြောင်း

သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာသင်ကျောင်း(မန္တလေး)

(က) ပညာရေးဝန်ကြီးဌာန၊စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနလက်အောက်တွင် မန္တလေး ကူးသန်းရောင်းဝယ်ရေးပညာသင်ကျောင်းအမည်ဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်ပါသည်။ (၁-၁-၉၇) နေ့မှစ၍ သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း၊ မန္တလေးမြို့ဟု ပြင်ဆင်ခဲ့ပါသည်။

(ခ)  (၃၁-၅-၂၀၂၂)ရက်နေ့တွင်ပြုလုပ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၂)၏ သဘောတူခွင့်ပြုချက်အရ သမဝါယမ သင်တန်း ကျောင်း(မန္တလေး)အား သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်း ကျောင်းအဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာသင်ကျောင်း(မန္တလေး)၏ ခေတ်အဆက် ဆက်တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

အမည်

ဝန်ထမ်းအဆင့်

ကာလ

မှ

ထိ

ဦးတင့်ဆွေ

ကျောင်းအုပ်

(၁ - ၁၂ - ၇၀)

(၁၃ - ၇  - ၇၂ )

ဦးစိုးမောင်

ကျောင်းအုပ်

(၁၄ - ၇ - ၇၂)

မှ  ( ၁ - ၅ - ၇၃ )

ဦးရွှေထွန်း

ကျောင်းအုပ်

( ၂ - ၅ - ၇၃ )

( ၉ - ၆ -  ၈၈ )

ဦးစိန်ဝင်း

ကျောင်းအုပ်

( ၁၀ - ၆- ၈၈ )

(၁၄ - ၆ - ၈၈)

ဦးတင်ဝင်း

ကျောင်းအုပ်

(၁၅- ၆- ၈၈ )

( ၇ - ၈ - ၈၈ )

ဦးချစ်လှိုင်

ကျောင်းအုပ်

(၈ - ၈ - ၈၈ )

( ၂၅ - ၈ - ၉၄)

ဦးလှအောင်

ကျောင်းအုပ်

( ၂၆ -  ၈ -၉၄)

(၁ -၇ - ၉၅)

ဦးအောင်ခင်

ကျောင်းအုပ်

(၂၆ - ၈ - ၉၅)

(၃၁-၃ -၂၀၁၄)

ဦးမြသိန်း

ကျောင်းအုပ်

(၂၉- ၄- ၂၀၁၄)

(၂၃-၁၀ -၂၀၁၉)

၁၀

ဒေါ်ခင်နှင်းဦး

ကျောင်းအုပ်

(၂၄ -၁၀ -၂၀၁၉)

ယနေ့ထိ

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm