Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်း များပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများပြန်လည် ထူထောင်ပေးရေးဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းစသည့်လုပ်ငန်း (၇)ခုဖြင့် ကျေးရွာ(၁)ရွာ လျှင် ကျပ်(၁၀)သန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများပံ့ပိုး၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု၊ ကျေးရွာ(၁၅၂)ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလထိ ကျေးရွာအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ကျေးရွာ(၁၅၁)ရွာတွင် စီမံကိန်းလုပ်ငန်း (၁၅၁)ခု  ဆောင်ရွက်လျက် ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm