ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကိုကျေးရွာ အခြေခံအဆောက်အအုံများဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးမှု ကိုဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့်ငွေကြေး ဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍစသည့် ကဏ္ဍ (၆) ရပ်ဖြင့် ဆောင်ရွက်ခဲ့ရာ စီမံကိန်း စတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄၃)ရွာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုးချဲ့ ဆောင်ရွက်သည့် ကျေးရွာ(၄၅)ရွာ၊ စုစုပေါင်းကျေးရွာ(၈၈)ရွာ၌ အစီရင်ခံသည့်ကာလတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၆၄၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီး လုပ်ငန်း (၁၅၂၈)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၁၀၁)ခု၊ ဆောင်ရွက်ရန်ကျန် (၁၇)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။