Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း (Rural Business Fund-RBF) အကောင်အထည်ဖော်ဆောင်ရွက်မှု

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ကိုင်သူ များအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ်(၅၀)ယူနစ်၊ ကျေးရွာ (၅၄)ရွာ၌ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာများအတည်ပြုရွေးချယ်ပြီးဖြစ်၍ သက်မွေးအစုအဖွဲ့ များဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများစိစစ်အတည်ပြုခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်း ခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့် ကာလတွင် ကျေးရွာယူနစ် (၅၀)ယူနစ်၊ ကျေးရွာ (၅၄)ရွာအား ရန်ပုံငွေလွှဲပြောင်း ပြီးဖြစ်ပြီး လုပ်ငန်းများ  ၁၀၀% ဆောင်ရွက်ပြီး ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm