Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ထ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊စစ်ကိုင်း) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၄၅၁)ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်  (စစ်ကိုင်း) တွင် ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၂၃၄)ဦး တက်ရောက်လျက်ရှိပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုဘာသာရပ်များအလိုက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ အာစရိယပူဖော်ပွဲနှင့် ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနားများကို ၁၅-၁-၂၀၂၄ ရက်မှ ၂၅-၁-၂၀၂၄ ရက်ထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် Intellectual Talk on Entrepreneurship အသိပညာပေးဟောပြောပွဲကို ၁၁-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ အင်္ဂလိပ်စာကျပန်းစကား ပြောပြိုင်ပွဲ (Impromptu Talk Competition)ကို ၁၇-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm