Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု။

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး  စီမံကိန်းကို ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားရေးဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက် မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်းစသည့် လုပ်ငန်း(၇)ခုဖြင့် ကျေးရွာ(၁)ရွာလျှင် ကျပ်(၁၀)သန်းနှင့် ညီမျှသော ထောက်ပံ့ပစ္စည်းများပံ့ပိုး၍ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍  တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခု၊ ကျေးရွာ(၁၅၂)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလထိ ကျေးရွာအတည်ပြုခြင်းလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်၍ ကျေးရွာ (၁၅၁)ရွာတွင် စီမံကိန်းလုပ်ငန်း(၁၅၁)ခု ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm