Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း(Rural Business Fund-RBF) အကောင်အထည်ဖော်ဆောင်ရွက်မှု

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင် သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်းကို ကျေးရွာယူနစ် (၁)ယူနစ်လျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် သန်း(၃၀)ဖြင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ် (၅၀)ယူနစ်၊ ကျေးရွာ (၅၄)ရွာ၌ ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာများအတည်ပြုရွေးချယ်ပြီးဖြစ်၍ သက်မွေး အစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများ စိစစ်အတည်ပြုခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ် (၅၀) ယူနစ်၊  ကျေးရွာ (၅၄)ရွာအား ရန်ပုံငွေလွှဲပြောင်းပြီးဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm