Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဏ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

(၁) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်သင်တန်းနှစ် အသီးသီးအား ၁၂-၅-၂၀၂၂ ရက်နေ့မှစတင်၍ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း (၅၆၆)ဦး တက်ရောက်လျက်ရှိပါသည်။ ကျန်ရှိသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဘက်စုံသုံးခန်းမဖွင့်ပွဲ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ၂၄-၆-၂၀၂၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး စာတမ်းရှင် ဆရာ/ ဆရာမ (၁၅) ဦးမှ သုတေသနစာတမ်းများဖတ်ကြားတင်သွင်းခဲ့ပါသည်။

(၂) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီးအား ၁၂-၅-၂၀၂၂ ရက်နေ့မှစတင်၍ဖွင့်လှစ်သင်ကြားလျက်ရှိပြီးကျောင်းသား/ ကျောင်းသူစုစုပေါင်း (၄၃၆) ဦး တက်ရောက်လျက်ရှိပါသည်။ ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ကျောင်းသား/ ကျောင်းသူများကို အသိပညာတိုးတက်စေရေးရည်ရွယ်၍ The Role of Government and Economy ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ၂၀-၆-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ၂၃-၆-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm