Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ထ) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များမှ လုပ်ငန်းဆောင်ရွက်မှု

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၄၅၀) ဦးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၂၅၂)ဦး တက်ရောက်လျက် ရှိပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့ပူးပေါင်း၍ သီးနှံအခြေခံယို၊  ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား  သင်တန်းသူ(၂၀)ဦးဖြင့် ၅-၂-၂၀၂၄  ရက်နေ့မှ ၁၁-၂-၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင်  (၁၂)နှစ်မြောက်တက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ၈-၂-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအား ၉-၂-၂၀၂၄ ရက်နေ့ တွင်လည်းကောင်း၊ Intellectual Talk for Finance Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ဟောပြောပွဲအား ၁၉-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm