Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ကော့တာကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


26 Jul,2024

ဘားအံ     ဇူလိုင်    ၂၆

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကော့ကဒါကျေးရွာအုပ်စု၊ ကော့တာကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုး၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ခိုင်သဇင်ညိုနှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ကော့တာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုးက ရပ်မိရပ်ဖများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်  မှာကြားသည်။

ကော့တာကျေးရွာ၌  ရေရရှိရေးအတွက် အကျယ် ၄.၅ လက်မ၊ အနက်ပေ ၂၀၀ ရှိ စက်ရေတွင်းတူး‌ဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ရေစင်အောက်ခန်းဖွဲ့ခြင်း လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၆၁သန်းဖြင့် ထူးပြည့်သာကုမ္ပဏီက ယခုနှစ် ဇွန်လ ၃ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ၊ အဆိုပါ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ကော့တာကျေးရွာရှိ အိမ်ခြေ ၁၆၉အိမ်၊ လူ ၉၇၆ဦးတို့အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးမင်းဝေဖြိုးက ပြောပြ၍သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm