Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၌ အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ


14 Jun,2024

မြို့သစ်မြို့နယ်၌ အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ
*******************************
မြို့သစ်       ဇွန်         ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော သင်တန်းသူများအား ဂုဏ်ပြုဆုလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သစ်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်နှစ်တိုင်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့သစ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်ထံမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm