နေပြည်တော် ဧပြီ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်သို့ သွားရောက်ပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က တည်ဆောက်နေသော ကျည်တောင်-သာယာဝှမ်း I Beam သံကူကွန်ကရစ်တံတား ပေ (၅၅၀) အား ကြည့်ရှုစစ်ဆေးရာ တံတား တာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက သတ်မှတ်အရည်အသွေး ပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြောက်လွှတ်ကုန်း၌ ၂ ခန်းတွဲ အရာထမ်းအိမ်ရာ ၅ လုံး တည်ဆောက် နေမှုကိုလည်းကောင်း၊ ယန္တရားဝင်းအတွင်း ၆ ခန်းတွဲ ၂ လုံး တည်ဆောက်ပြီးစီးမှုနှင့် ပစ္စည်း သိုလှောင်ရုံများ၌ အမှုထမ်းများအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှုအခြေအနေ၊ ထမင်း ဟင်းချက်ပြုတ်ရန် စီစဉ်ပေးထားသောနေရာကိုလည်းကောင်း၊ သောက်သုံးရေသွယ်တန်းပေးထား မှုကိုလည်းကောင်း၊ ၈ ခန်းတွဲ တည်ဆောက်ပေးထားသည့် သန့်စင်ခန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ မေလတတိယပတ်အတွင်း လုပ်ငန်းများ အပြီးဆောင်ရွက်၍ ဝန်ထမ်း မိသားစုများကို စနစ်တကျ နေရာချထားရေး၊ မိုးတွင်းကာလ ရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေး ဂရုပြု ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဇဗ္ဗသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံး မြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး ၄ ခန်းတွဲ အရာထမ်းအိမ်ရာ (၈) လုံး တည်ဆောက် နေရာချထားမှုကိုလည်းကောင်း၊ Prefabricated Modular House များ နေရာချထားမှုကိုလည်း ကောင်း၊ ပတ်လမ်းဆောင်ရွက်နေမှုနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ သွားရောက်ပြီး Fabricated Modular House များ တည်ဆောက်နေရာချထားနေမှုကို ကြည့်ရှု စစ်ဆေးကာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၏ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြမှုအပေါ် ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ဖြစ်စေရေး မှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနပိုင် မြေနေရာ၌ ဝန်ကြီးရုံး၊ သမဝါယမဦးစီး ဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ယာယီ နေထိုင်နိုင်ရေး ဘာရှာလိုင်းခန်းများ တည်ဆောက်နေရာချထားမှုကိုလည်းကောင်း၊ Fabricated Modular House များ နေရာချထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ဖြစ်စေရေး၊ ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်