Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်) သင်တန်းသားအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်


18 Mar,2024

မော်လမြိုင် မတ် ၁၈

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (မော်လမြိုင်) သင်တန်းသားအိပ်ဆောင် ၉၀' X ၃၀' RCC (၂)ထပ် (သမိန်ဗရမ်းဆောင်) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေမှ (၉၀' X ၃၀') RC (၂)ထပ် အဆောက်အဦအား တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ သံလွင်မြေကုမ္ပဏီမှ ငွေကျပ်(၂၆၅.၉၅)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ နိုင်ငံတော် အနေနဲ့ တိုင်းပြည်၏ အနာဂတ်လူငယ်များအတွက် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက် ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးထောက်ပံ့မှုတစ်ရပ်ဖြစ်ပြီး ပညာ ဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုနိုင်စေရန်၊ ဒုတိယနှစ်သင်တန်းအောင်မြင်ပြီးပါက (Certificate) သင်တန်းဆင်း လက်မှတ်ချီးမြှင့်ပြီး ထူးချွန်သူများကို သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ယူခွင့်ရရှိနိုင်ရန်တို့အတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် သင်တန်းပိတ်ရက်ကာလများ၌ သမဝါယမဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်များနှင့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ၊ မွမ်းမံသင်တန်းများ၊ ဆွေးနွေးပွဲများကို ပြုလုပ် သည့်အခါများတွင်လည်း သင်တန်းသားဆောင်မှာ ခေတ္တတည်းခိုနိုင်သည့်အတွက် သမဝါယမ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ရရှိစေမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့သည့် သင်တန်းသားဆောင်သစ်(၃၀' x ၉၀' ) RC ( ၂)ထပ် “သမိန်ဗရမ်းဆောင်” အား နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုပေးနိုင်မည့် လူငယ်၊ လူရွယ်များ၊ အနာဂတ်မျိုးဆက်သစ် နိုင်ငံ့သားကောင်း သမီးကောင်းများ ကောင်းမွန်လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးမှ အဆောက်အဦအား ပျက်စီး ယိုယွင်းမှုမရှိအောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်အသုံးပြုသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားအိပ်ဆောင်သစ် “သမိန်ဗရမ်းဆောင်” အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး သင်တန်းသားအိပ်ဆောင်အား လွှဲပြောင်းပေးအပ်ကာ တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားအိပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနား တွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် မွန်းယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားအိပ်ဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ပြီး သင်တန်းသားအိပ်ဆောင်သစ်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)

မွန်ပြည်နယ်

အမြို့မြို့အနယ်နယ်သတင်းများ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm