Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ဓာတ်ခွဲစမ်းသပ်ပေးမှုအနေဖြင့် လျာထားချက်ထက်ကျော်လွန်ဆောင်ရွက်ပေးနိုင်ခဲ့


15 Mar,2024

နေပြည်တော်၊ မတ် ၁၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ဓာတ်ခွဲစမ်းသပ်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) အတွင်း ဓာတ်ခွဲ စမ်းသပ်ပေးမှု ၄၃၃၀ ကြိမ်လျာထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန် အထိ ၅၉၂၁ ကြိမ် ရာခိုင်နှုန်းအားဖြင့် ၁၃၇ % ဆောင်ရွက်နိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ကျော်လွန်ဆောင်ရွက်နိုင်ခဲ့သည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေး မှန်ကန်မှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့အတွက် ဓာတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနများရှိ ဓာတ်ခွဲခန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပေးပို့လာသော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်း နမူနာများ၊ တက္ကသိုလ်ဘွဲနှင့် စာတမ်းပြုစု ရန်အတွက် ပေးပို့လာသော စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်း နမူနာများကို အရည်အသွေး ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ဌာနတွင် မှတ်ပုံတင်ထားသော ထုတ်ကုန်ပစ္စည်းများကို ဘေးဥပဒ်ဖြစ်စေမည့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ/မရှိ သိရှိနိုင်ရန် ပစ္စည်းနမူနာအချို့ကို ရွေးချယ်၍ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဓာတုနှင့် အဏုဇီဝဓာတ်ခွဲစမ်းသပ်ခြင်း (Micro Analysis)တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၁၉၉၁ ခုနှစ်မှစတင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေရေးဆွဲပြီး ပြည်သူများ တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်ရန်နှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းမီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် နည်းပညာပံ့ပိုးပေးခြင်း၊ လိုအပ်သော ရင်းနှီးပစ္စည်းများထောက်ပံ့ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm