Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြအခမ်းအနား စစ်ကိုင်းတိုင်း၌ ကျင်းပ


15 Mar,2024

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြအခမ်းအနား စစ်ကိုင်းတိုင်း၌ ကျင်းပ
 
စစ်ကိုင်း မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းကာ ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်သို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြောင့် နိုင်ငံပိုင်အဆောက်အဦးများ၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြအခမ်းအနားကို မတ် ၁၄ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့် ဝန်ထမ်းများ၊ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မိုအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းထိုက်ဦးက အမှာစကားပြောကြားသည်။
ဆက်လက်၍ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မိုအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့်ပတ်သက်ပြီး ဝန်ထမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ် ပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြပေးခဲ့ကြောင်း သိရသည်။
 

မင်းမြင့်မိုရ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm