Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် တွင်းဖြူရိုးကျေးရွာ၌ တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


15 Mar,2024

ချောက်မြို့နယ် တွင်းဖြူရိုးကျေးရွာ၌ တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး
*********************************
ချောက်    မတ်       ၁၅     

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်ရည်ရွယ်၍ သံဘိုကျေးရွာအုပ် စု၊ တွင်းဖြူရိုးကျေးရွာ၌ မြစိမ်းရောင်‌ စီမံကိန်းဖြင့် တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် တွင်းဖြူရိုးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုး ရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စီမံကိန်းလက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ရန်ပုံငွေထုတ်ချေးထားရှိမှုရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းဖြူရိုးကျေးရွာ၌ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်က စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (Type-1)ဖြင့် ငွေကျပ် သိန်းသုံးရာမတည်ပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အဆိုပါကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ နှစ်ဆယ် ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၈ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၀၈ ဦးအား ငွေကျပ် လေးဆယ် ဒသမ ၂ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း ချောက်မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

အိပိုးပိုး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm