Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်္ဂလာဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


12 Mar,2024

မင်္ဂလာဒုံ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီး ဌာန အစည်းအဝေးခန်းမတွင် မတ် ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အဖွင့်မှာစကား ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဦးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းသား စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားအတည်ပြုချက် ရယူပြီးနောက် အသင်းဝင်(၃၆)သင်းအား အစုပေါ်အမြတ်ငွေ(၆၀၄၈၉၉)ကျပ်တို့ကို  အသင်းဝင် အသင်းသားများထံသို့ တိုးမြှင့်ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm