Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် ပင်တိုင် ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး"


11 Mar,2024

တောင်တွင်းကြီး၊မတ် ၁၁
  မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပင်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို မတ်လ ၁၀ရက်နေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့်ဝန်ထမ်းများကမြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူပင်တိုင်ကျေးရွာရှိ တောင်သူဦးရေ ၅၀ဦး၏ ဆောင်းနေကြာအပါအဝင်အခြားဆီထွက်သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများ၊လစဉ်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားများအားစနစ်တကျ ဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြား ချက်များအတိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  မြို့နယ်ဦးစီးမှူး က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီးနေကြာအပါအဝင်အခြားဆီထွက်သီးနှံများ စိုက်ပျိုးသည့် တောင် သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များဝယ်ယူသုံးစွဲနိုင်ရန်အတိုးနှုန်းသက်သာသောချေးငွေများ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၀၈သိန်းအား ထုတ်ချေးပေးထားကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm