Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်အတွင်း အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်ဝသော သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


09 Jul,2022

နေပြည်တော် ဇူလိုင် ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇူလိုင်လ (၈) ရက်နေ့၊ နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (၆)လ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့ရှိ၊ ပြည်နယ်ရုံး အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ ပြည်နယ်ရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ဦးစီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရေး၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အချိန်မီ ပြီးစီးရေး၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရပ်စောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၊ စွမ်းထက် သဘာဝအားဖြည့်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး အားဖြည့်သဘာဝ မြေဩဇာထုတ်လုပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ကြက်ချေးအခြေခံ စွမ်းထက် သဘာဝအားဖြည့်မြေဩဇာ ထုတ်လုပ်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တောင်သူလယ်သမား များ အကျိုးဖြစ်ထွန်းစေမည့် သဘာဝမြေဩဇာများ ထုတ်လုပ်မှုများကို ကူညီပံ့ပိုးဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သဘာဝမြေဩဇာများထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း များနှင့် ကိုက်ညီစေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုမည့် သဘာဝမြေဩဇာများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ အဲဒီနောက် စွမ်းထက် သဘာဝအားဖြည့်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းအတွက် ပံ့ပိုးချေးငွေကျပ် သိန်း(၁၀၀)အား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က ထောက်ပံ့ပေးအပ်ကာ လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေပူရွာ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်၏ စိုက်ပျိုးရေးခြံသို့ ရောက်ရှိကာ သဘာဝအားဖြည့်မြေဩဇာများ အသုံးပြု၍ စိုက်ပျိုးထားသော သီးနှံပင်များအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm