Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်၊‌ ချောင်းသာကျေးရွာ၌ VDP စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌ နေမှု စစ်ဆေး


28 Feb,2024

လယ်ဝေး ဖေဖော်ဝါရီလ  ၂၈ရက်
 
သမဝါယမနှင့်ကျေးလက်ဖွံဖြိုး‌‌ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုနယ်မြေ နေပြည်တော်၊လယ် ဝေးခရိုင် ကွပ်ကဲမှု အောက်ရှိ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ချောင်းချိုးကျေးရွာအုပ်စု၊ ချောင်းသာကျေးရွာ၌  ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက် နေမှု ခြေအနေများကို ယနေ့  နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့စစ်ဆေးရာတွင် ‌ လယ်ဝေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ‌ ဦးမျိုးတင့် နှင့်  အင်ဂျင်နီယာ ဝန်ထမ်းများသည်  ချောင်းသာကျေးရွာတွင် VDP စီမံကိန်းဖြင့် အရှည် ၁၃၀၀ပေ ၊အကျယ် ၁ပေ ခွဲ  ၊အနက် ၁ပေ ခွဲရှိ အုတ်ရေမြောင်းပြုလုပ်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှူ့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်တွေ့ ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်  ဆွေးနွေးမှာကြားသည်။
 
ချောင်းသာကျေးရွာ၌  အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၀ ဒသမ ၇၂)သန်း၊ စုစုပေါင်းရန်ပုံငွေ( ၁၅ ဒသမ ၇၂)သန်းကို အသုံးပြုကာ ခရိုင်/ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ကွင်းဆင်းကြီးကြပ်မှု၊  နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ  ပထမအပတ်မှ စတင်  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၏ (၈၅) ရာခိုင်နူန်း ခန့် ဆောက်ရွက်ပြီးစီး‌ နေပြီဖြစ်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ ကျေးလက်‌နေ ပြည်သူများအတွက် များစွာ အကျိုးပြု မည် ဖြစ်ကြောင်း လယ်ဝေး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm