Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ဟိန်းမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း/တံတားများဖောက်လုပ် ပြီးစီးမှု စစ်ဆေး


27 Feb,2024

ကွန်ဟိန်း  ဖေဖော်ဝါရီလ ၂၇ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့မကျေးရွာအုပ်စု၊ ဝမ်ဟိန်းကျေးရွာ၌  ကျေးလက်ကုန်ထုတ်လမ်း/တံတားများဖောက်လုပ် ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက  တာဝန်ရှိသူများမှ အဆိုပါကျေးရွာ ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်   ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင်ကျော်ဟိန်း
နှင့်  ဝန်ထမ်းများ သည် ဝမ်ဟိန်းကျေးရွာတွင် အရှည် ၁ မိုင် ၊ အကျယ်  မြေသား ၁၆ပေ သဲဗြုန်း ၁၂ပေ ၊ ထု မြေသား ၁ပေ ၊ သဲဗြုန်း ၉လက်မရှိ  ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်၌  အလျား ၂၂ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ပေရှိ Slab Culvert ကုန်ထုတ် တံတား(၂)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး  မြို့နယ်ဦးစီးမှူး က အဆိုပါကျေးရွာရှိ ရပ်မိရပ်ဖများ ၊ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ကျေးလက်ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါ  ကျေးလက်ကုန်ထုတ်လမ်း နှင့် တံတားများကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ( ၅၃ ဒသမ ၃၀၉)သန်းကို အသုံးပြု၍  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဝန်ထမ်းများနှင့် ‌ကျေးရွာသူ/သားများပူးပေါင်းကာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ  ဒုတိယအပတ်က စတင်  အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ လူဦးရေ(၃၀၁)ဦးတို့၏ လယ်ယာဧက (၂၀၀)ကျော်မှ ထွက်ရှိသည့် စိုက်ပျိုး သီးနှံ များ ဈေးကွက်အတွင်းသို့ ကုန်ကျ စရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း  ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင်ကျော်ဟိန်း ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm