Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးမြို့နယ်၊ နောင်ကား ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ (ပထမ)အကြိမ်ထုတ်ချေး


26 Feb,2024

တောင်ကြီး ဖေဖော်ဝါရီလ ၂၆ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊‌တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  နောင်ကားကျေးရွာ အုပ်စု၊ နောင်ကားကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွား လာပြီး ဆင်းရဲမှုလျော့ကျစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ (ပထမ)အကြိမ် မြောက်ထုတ်ချေးခြင်းကို  ယနေ့  နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ အဆိုပါ‌ ကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
 
ရှေးဦးစွာ တောင်ကြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာက နောင်ကားကျေးရွာရှိ မြစိမ်းရောင်အသင်းသူ/သားများနှင့်တွေ့ဆုံကာ မြစိမ်း ရောင် ကျေးရွာ စီမံကိန်း အကြောင်းအရာများ၊ ရည်ရွယ်ချက်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက အတိုးနူန်းနှင့် ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ဦးစီးမှူးက  ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငနျားထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် (၂၉၈)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 ထိုနောက် ခရိုင်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူး နှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နောင်ကားကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း၊‌ မွေးမြူရေးလုပ်ငန်း ၊ အရောင်းဝယ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း  လုပ်ကိုင်မည့် သူ စုစုပေါင်းအသင်းသူ/သား(၄၀)ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၂၉၈)သိန်းကို အတိုးနူန်းသက်သာစွာဖြင့် ( ပထမ) အကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm