Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒက္ခိဏသီရိမြို့နယ်၊ဆယ်စုကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


26 Feb,2024

ဒက္ခိဏသီရိ  ဖေဖော်ဝါရီလ ၂၆ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်မြေ၊နေပြည်တော်၊လယ်‌ဝေးခရိုင်၊ ဒက္ခိဏသီရိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက   မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်‌နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက  တာဝန်ရှိသူများက ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
 
ထိုသို့စစ်ဆေးရာတွင် ဒက္ခိဏသီရိမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး  ဒေါ်လဲ့လဲ့နိုင်၊ စီမံကိန်း တာဝန်ခံ နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ဆည်စုကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားမိသားစု ဝင်ငွေတိုး  စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည်ရှူစစ်ဆေးသည်။
 
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသာများသည် အဆိုပါ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ်(၉)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၂)သန်း၊စုစုပေါင်းရန်ပုံငွေကျပ်(၁၁)သန်းဖြင့် အလျား ၈၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၀ရှိ အမိုးပါစတိတ်ခုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး  ကကျေးရွာ  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ  လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
 
ဒက္ခိဏသီရိမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို  ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်မှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၃၀)သန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု
အခါ  အသင်းသူ/သား(၁၆၁)ဦးကို လည်ပတ်ရန်ပုံငွေကျပ်  (၅၃ ဒသမ ၈၅)သန်းထုတ်ချေးနိုင်ခဲ့ပြီး  အဆိုပါစီမံကိန်း မှ ရရှိလာသည့် အတိုးရငွေ၏ ၅၀ရာခိုင်နူန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒုတိယအကြိမ်မြောက် ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းမြို့နယ်ဦးစီးမှူး  ဒေါ်လဲ့လဲ့နိုင် ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm