Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်၌ ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


21 Feb,2024

ချောက် ဖေဖော်ဝါရီ ၂၁

          မကွေးတိုင်းဒေကြီး ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ပြင်ထိန်းရန်ပုံငွေ ၁၉ ဒသမ ၅ သန်း ဖြင့် ဆောင်ရွက်သည့် ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့  နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။          

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ် နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဝင်များ၊ များက ကျေးရွာ ကော်မတီဝင်များ နှင့်အတူ ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ် က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိမ်းသိန်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

          ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်၌ ချောက်မြို့နယ် ညောင်နီကျင်း-ကျောက်တန်း-ညောင်ပင်သာ ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မ  မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများ က ယခုနှစ် ဇန်နဝါရီ လ တတိယပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် လမ်းဘေးတစ်လျှောက်ရှိ ညောင်နီကျင်း၊ကျောက်တန်း ၊ ညောင်ပင်သာ ကျေးရွာတို့ရှိ အိမ်ခြေ ၅၀၀ အိမ်နှင့် လူဦးရေ ၁၆၀၀ ဦးတို့အတွက် လူမှုရေး၊ပညာရေး၊ကျန်းမာရေး၊ ကူးသန်းသွားလာရေးတို့အတွက် အဆင်ပြေနေပြီ ဖြစ်ကြောင်း  ချောက်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်  ထံမှ သိရသည်။        


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm