Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းအခမ်းအနား ကျင်းပ


06 Feb,2024

နေပြည်တော်    ဖေဖော်ဝါရီ   ၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘဲကုန်းကျေးရွာ အုပ်စု၊ ဘဲကုန်းတောင်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းအပ်နှံရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဘဲကုန်းတောင်ကျေးရွာကော်မတီဝင် များထံသို့ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာအား လွှဲပြောင်းပေးအပ်ခဲ့ရာ ကော်မတီဝင်များကိုယ်စား ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်၊၊

ဘဲကုန်းတောင်ကျေးရွာ၌ အလျားပေ ၃၀၊ အနံ ၂၄ပေ၊ အမြင့် ၁၁ပေရှိ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် လေးသိန်း၊ စုစုပေါင်း ငွေကျပ် ၁၅၄သိန်း အသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ခုနှစ် နိုဝင်ဘာ တတိယပတ်က စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် သက်ဆိုင်ရာ ကော်မတီဝင်များထံသို့ လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုထံမှ သိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm