Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

​ကံမမြို့နယ် သရက်ချောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ကော်မတီအသစ်ပြန်လည်ဖွဲ့စည်း


06 Feb,2024

ကံမ     ဖေဖော်ဝါရီ     ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် သရက်ချောင်းကျေးရွာ၌ စီမံကိန်းကော်မတီအသစ်ပြန်လည်ဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသောကျေးရွာသူကျေးရွာသားများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းပြောကြားသည်။

ထို့နောက် ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒအရ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင် ၇ ဦးကိုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။

ကံမမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်းကျေးရွာ၌ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်ကစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ငွေကျပ်သိန်းသုံးရာ မတည်ပေးခဲ့ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများ မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm