Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ကမ္ဘာ့လောကပိုမိုကောင်းမွန်ရေး သမဝါယမများကတည်ဆောက်ပေး” ( Cooperatives Build a Better World)


28 Jun,2022

 

နိုင်ငံတကာနှင့်သမဝါယမ(International & cooperative)

(၁၇)ရာစု စက်မှုတော်လှန်ရေးကြောင့် ကြုံတွေ့ခဲ့ရသော အခြေခံပြည်သူများ၏ စားဝတ် နေရေးအခက်အခဲများကို ကျော်လွှားနိုင်ရန် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်အားနည်း သူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် အင်္ဂလန်နိုင်ငံကစတင်ခဲ့သော သမဝါယမလုပ်ငန်း များသည် လူအများ၏လိုအပ်ချက်( Needs) အရ ပေါ်ပေါက်လာခဲ့ပြီး ယနေ့အချိန်တွင်သမဝါယမ စနစ်က ကမ္ဘာသို့ပြန့်နှံ့သွားခဲ့ရာ အင်္ဂလန်နိုင်ငံ၊ ရော့ဒေးလ်မြို့မှ စတင်ခဲ့သည့် ကမ္ဘာ့သမဝါယမသည် (၁၉၀၄)ခု နှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့သည်။

နိုင်ငံတကာရှိသမဝါယမအချင်းချင်း စီးပွားရေး၊ လူမှုရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်စေရန်ရည်ရွယ်ချက်များနှင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် ( ICA ) ( International Cooperative  Alliance )ကို (၁၈၉၅)ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့သည်။ ယနေ့ထိ အဖွဲ့ဝင် နိုင်ငံပေါင်း (၉၆)နိုင်ငံ၊ အဖွဲ့အစည်းပေါင်း(၂၇၀)ကျော် ပါဝင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမအသင်းလီမိတက်သည်လည်း ( ICA ) အဖွဲ့ဝင်အဖြစ် (၁၉၉၃)ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့သည်။

ယခုနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမပတ် စနေနေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်မှာ “ကမ္ဘာ့လောကပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက် ပေး” ( Cooperatives Build a Better World)ဟူ၍ ဖြစ်ပါသည်။

ယနေ့ခေတ်သမဝါယမများ “ဘာလုပ်သလဲ” ဟု လူအများစုကမေးကြသည်။ ယနေ့ခေတ် သမဝါယမအသင်းများမှာ ဆန်၊ ဆီ၊ ဆား ဝေသော အသင်းများမဟုတ်ကြပါ။ အသင်းနှင့် အသင်းသား များ၏ လူမှုရေး၊ စီးပွားရေးကို ရှေးရှုသော စက်မှုလက်မှုလုပ်ငန်းများ၊ လယ်ယာသားငါးနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်သော အသင်းများသာဖြစ်ကြပါသည်။

ယနေ့ကမ္ဘာပေါ်တွင်အောင်မြင်နေသော နိုင်ငံတကာမှ သမဝါယမအသင်းများမှာ -

ဆွစ်ဇာလန်နိုင်ငံရှိ အသင်းသားပေါင်း(၁.၈)သန်းရှိပြီး၊ သုံးစွဲသူပေါင်း(၃.၇)သန်း ရှိသော “Raiffeisen third-largest banking group in Switzerland”( သမဝါယမဘဏ် လုပ်ငန်း )

“Foodstuffs (Auckland) Cooperative Society”( စားသောက်ကုန်သမဝါယမအသင်း )

တောင်ကိုရီးယားနိုင်ငံရှိ လယ်သမားအသင်းသားပေါင်း (၂.၄)သန်းကျော်ရှိပြီး အသင်း ပေါင်း (၄၀၀၀)ကျော်နှင့် ဆက်စပ်ဆောင်ရွက်နေသော “National Agricultural Cooperative Federation (NACF)”(စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်း)

အိန္ဒိယနိုင်ငံရှိ အသင်းဝင်အသင်းပေါင်း(၃၉၈၄၂)သင်းရှိပြီး (၂၀၁၀-၁၁)ခုနှစ်၌ အခွန် ဆောင်ပြီး အမြတ်မှာ အမေရိကန်ဒေါ်လာသန်း(၁၃၀)ရရှိခဲ့သော “Indian Farmers Fertiliser Cooperative (IFFCO) (ဓာတ်မြေသြဇာထုတ်လုပ် ရောင်းချရေးသမဝါယမ အသင်း စသည့်အသင်းများမှာ ကမ္ဘာကိုထိုးဖောက်နိုင်သည် အထိ အောင်မြင်လျှက် ရှိနေကြသည်။

သမဝါယမစနစ်၏ သဘောတရား/မူဝါဒနှင့် မြန်မာနိုင်ငံ(Cooperative Policy & Myanmar)

မိမိတို့ဆန္ဒအလျောက် စုပေါင်းဖွဲ့စည်းနိုင်သည်၊မဖွဲ့မနေရ မပါမနေရမဟုတ်ပါ။  (Voluntary)

လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေး၊ နိုင်ငံရေး၊ ဆင်းရဲချမ်းသာမရွေးအားလုံးပါဝင်နိုင်သည်။ (All Inciusive)

အသင်း၏လုပ်ငန်းအရပ်ရပ်ကို အသင်းသားများဆန္ဒဖြင့် စီမံခန့်ခွဲအုပ်ချုပ်နိုင်သည်။(Democracy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်/ လွတ်လပ်ခွင့်ရှိသည်။(Autonomous and Independent)

စီးပွားရေးသာမက ပညာရေး၊ ကျန်းမားရေး စသည့် လူမှုရေးလုပ်ငန်းများလည်းပါဝင်သည်။ (Socieconomy)

သမဝါယမအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး (Cooperation and Coordination)နှင့် Community Development) တို့ဖြစ်ပါသည်။

သမဝါယမစနစ်၏သဘောတရားသည် ယခင်ကတည်းကရှိနေခဲ့ပြီး ယခုမျက်မှောက် ကာလ တွင် လက်ရှိလုပ်ဆောင်နေသော မူဝါဒများလည်းဖြစ်ပါသည်။

သမဝါယမစနစ်ဆိုသည်မှာ စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါ သည်။ဥပမာ-ဖယောင်းတိုင် တစ်တိုင်လျှင်(၅၀)ကျပ် တန်သည်ဆိုပါစို့----။အိမ်ထောင်စုတစ်စုမှ တစ်တိုင်ချင်းဝယ်လျှင် (၁) ဦးကို (၅၀)ကျပ်နှုန်းဖြင့် (၁၀)ဦးလျှင်(၅၀၀)ကျပ် ကျသင့်မည်ဖြစ်သည်။ သို့သော်ငါလည်းဝယ်မည်၊သူလည်းဝယ်မည်ဟူသောဆန္ဒတူသူ(၁၀)ဦးခန့်ပေါင်းစပ်၍ ဝယ်သောအခါ

ဖယောင်းတိုင်(၁၀)တိုင်ပါသော တစ်ထုပ်ကို(၄၀၀)ကျပ်နှင့်ရမည်။ထိုအခါ (၁)ဦးလျင် သက်သာ သွား သော(၁၀)ကျပ်စီသည် မိမိတို့မိသားစုအတွက် တစ်ဘက်တစ်လမ်းမှအပိုငွေရရှိနိုင်ခြင်းဖြင့် သမဝါယမ နည်းစနစ်၏ပုံရိပ်ကို အကောင်အထည်ဖော်ဆောင်ခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံ ရော့ဒေးမြို့က စက်ရုံအလုပ်သမားများမှစတင်ခဲ့သော သမဝါယမစနစ်မှာ ယနေ့အထိ ရှင်သန်နေခြင်း ဖြစ်ပါသည်။

အခြေခံသမဝါယမအသင်းများတွင် အသင်းသားများသည် တောင်သူလယ်သမားများ၊ လက်လုပ်လက်စားများ၊ ဈေးသည်များ စသည့် အခြေခံလူတန်းစားများဖြင့်ပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ပညာတတ်သူလည်းပါမည်၊ ပညာမတတ်သူလည်း ပါလျှင်ပါမည်။ အသင်း တစ်သင်းဖွဲ့စည်းသည့်အခါအသင်းအကျိုးသယ်ပိုးရန်အလို့ငှာ အမှုဆောင်ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်း

ပေးရသည်။ သမဝါယမအသင်း၌သာမက မည်သည့်အသင်းအဖွဲ့ကိုဖွဲ့စည်းသည်ဖြစ်စေ အမှုဆောင် ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းရသည်သာဖြစ်သည်။ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်၊ အသင်း စာရင်းစစ် စသည်ဖြင့်ဖွဲ့စည်းရသည်။ အသင်းဝန်ထမ်းများအနေဖြင့်လည်း အသင်းစာရင်းကိုင်၊ ငွေကိုင်၊ အသင်းဝန်ထမ်းစသည်ဖြင့် အသင်းကြီး/သေးပေါ်မူတည်၍ ထားရှိရသည်။ သည်နေရာတွင် သမဝါယမဦးစီးဌာနနှင့်သမဝါယမအသင်း ကွဲပြားပုံကို ပြည်သူများ သိရှိရန် လိုအပ်ပေမည်။ သမဝါယမဦးစီးဌာနဆိုသည်မှာ နိုင်ငံတော်မှလစာပေးထားသော နိုင်ငံ့ ဝန်ထမ်း များဖြင့်ဖွဲ့စည်းတည်ဆောက်ထားသောဦးစီးဌာန(Depertment) ဖြစ်ပြီး သမဝါယမအသင်း ဆိုသည်မှာ  ပြည်သူထဲမှ ပြည်သူများဖြင့်သာဖွဲ့စည်းထားသော အဖွဲ့အစည်း(Society) ဖြစ်သည်။ သမဝါယမအသင်း များတွင် အခြေခံသမဝါယမအသင်း၊ မြို့နယ်သမဝါယမအသင်းစု၊ ပြည်နယ်/ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် ဗဟိုသမဝါယမအသင်းဟူ၍ အသင်းအဆင့်ဆင့်ရှိပါသည်။ သမဝါယမဦးစီး ဌာနသည် ၎င်းသမဝါယမအသင်းအဆင့်ဆင့်ကို ထိန်းကျောင်းကြပ်မတ် ပေးရသည်။OER ဟုခေါ်သော (Organization) ဖွဲ့စည်းခြင်း၊ ( Education) ပညာပေးခြင်း၊  ( Regu- lation )ထိန်းကြောင်း ကြပ်မတ်ခြင်းတို့ကို ဦးစီးဌာနမှလုပ်ကိုင်ပေးရသည်။

တောင်သူလယ်သမားများနှင့်သမဝါယမ(Farmers and Cooperative)

မြန်မာနိုင်ငံလူဦးရေ၏သုံးပုံနှစ်ပုံခန့်မှာ တောင်သူလယ်သမားများနှင့် အခြေခံလူတန်းစား များသာဖြစ်ကြသည်။ တောင်သူလယ်သမားများနှင့် အခြေခံလူတန်းစားများ၏ဘဝကိုသမဝါယမ စနစ်ကမြှင့်တင်ပေးနေသည်ဖြစ်ရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် တဘက်တလမ်းမှ ပူးပေါင်းဆောင် ရွက်ရာရောက်ပေသည်။   

တောင်သူလယ်သမားများအကျိုးကိုရှေးရှုလျက် ကိုရီးယားနိုင်ငံ Daedong ကုမ္ပဏီ နှင့်ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အရစ်ကျဝယ်ယူနိုင်ရေးဆောင်ရွက်ပေးရာတွင်

လယ်ယာ သုံးစက်ကိရိယာများကို တောင်သူလယ်သမားများ ဝယ်ယူနိုင်ရန်အတွက် ၂၀% ကို သာ ကနဦးပေးခြေရပြီး ကျန် ၈၀% ကိုစက်အမျိုးအစားပေါ်မူတည်၍(၃)နှစ်မှ(၆)နှစ်အတွင်း အရစ်ကျ ခွဲဆပ်ခြင်းဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မြှင့်တင်ပေးပြီး ကိုယ်ပိုင် လယ်ယာသုံး စက်ကိရိယာ ပိုင်ဆိုင်နိုင်သူအဖြစ်သို့ရောက်အောင် လုပ်ဆောင်ပေးလျှက်ရှိနေပါသည်။

ထို့အပြင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် အရင်း အနှီးတိုးပွားလာစေရန်အတွက် တရုတ်နိုင်ငံမှ EXIM Bank ချေးငွေ ဒေါ်လာသန်း(၄၀၀)ကို နိုင်ငံ တော်မှတဆင့်ချေးပေးကာ သမဝါယမအသင်းအဆင့်ဆင့်သို့ ချေးငွေချထားပေးခြင်းလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

တရုတ်နိုင်ငံမှ ချေးယူ ထားသော EXIM Bank ချေးငွေ ဒေါ်လာသန်း(၄၀၀)မှာ မြန်မာနိုင်ငံမှ အတိုးမဲ့ချေးယူထား ခြင်းမဟုတ်ပါ။ အတိုးဖြင့်ပြန်လည်ပေးဆပ်ရပါသည်။ ထို့ကြောင့် တရုတ်ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့်အတိုးအတွက် ချေးငွေရယူထားသောအသင်းသားများအပေါ် အတိုးပြန်လည် ကောက်ခံရခြင်းဖြစ်ပါသည်။ ပေးရသည့်အတိုးမှာလည်းငွေ၁၀ဝိ/-လျှင် ၁ကျပ်၅ဝါး နှုန်း/ ၂ကျပ်နှုန်း တို့ထက်မပိုပါ။ အတိုးနှုန်းများ တခါနှင့်တခါမတူဘဲ ပြောင်းလဲရခြင်းမှာလည်း ဒေါ်လာ စျေးအတက်/ အကျပေါ်မူတည်၍ ပြောင်းလဲရပါသည်။ တရုတ်မှချေးယူထားသော ငွေမှာ ဒေါ်လာနှင့် ဖြစ်သော ကြောင့်ဖြစ်ပါသည်။ အပြင်မှချေးယူသည့် ၁၀ကျပ်တိုး/၂၀ကျပ်တိုး နှုန်းများ ထက်စာလျှင် တောင်သူ လယ်သမား အသင်းသားများအတွက် များစွာသက်သာပါသည်။      

ပိုမိုကောင်းမွန်သောအနာဂါတ် ( Better for The Future )

သမဝါယမအသင်းအမျိုးအစားများတွင် ကုန်ထုတ်လုပ်မှုသမဝါယမအသင်း၊ ကုန်သွယ်မှု သမဝါယမအသင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ဟူ၍ အခြေခံအားဖြင့် သုံးမျိုးရှိရာ သက်ဆိုင်ရာ အသင်းများတွင် သက်ဆိုင်ရာလုပ်ငန်းများလုပ်ဆောင်းရင်း အသင်းသားများ၏ဘ၀ကို မြှင့်တင်နိုင် မည်ဖြစ်ပါသည်။ အသင်းသားများသည် မိမိတို့ဘဝကိုမိမိတို့မြှင့်တင်ရင်း အသင်းများလည်းဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သလို ပိုမိုကောင်းမွန်သောအနာဂတ်ကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်။

အောင်မြင်နိုင်ရန် သော့ချက်(၃)ခု (To Success of the Keys)

လွန်ခဲ့သောနှစ်ပေါင်း(၆၀)ခန့် ဝန်ကြီးချုပ်ဦးနုလက်ထက်က မြန်မာနိုင်ငံသည် အချမ်းသာဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သော်လည်း ယခုအခါ အဆင်းရဲဆုံးနိုင်ငံစာရင်းတွင်ပါဝင်လျှက် ရှိသည်။မြန်မာနိုင်ငံ ပြန်လည်ဦးမော့လာနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း------?

လွန်ခဲ့သော (၅၀)နှစ်ခန့် (၁၉၇၀)ဝန်းကျင်က ကိုရီးယားနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ သော်လည်း ယခုအခါ အချမ်းသာဆုံးနိုင်ငံဖြစ်လာခဲ့သည်။၎င်းတို့ အောင်မြင်ရန် မည်ကဲ့သို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သနည်း-------?

ကိုရီးယားနိုင်ငံတွင် သမ္မတ ပတ်ဂျုံဟီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော (Saemaul Project) အောင်မြင်ရေးအတွက် အဓိကအထောက်အပံ့(၃)ချက်မှာ-

၁။ကိုယ့်အားကယ်ကိုးဆောင်ရွက်ခြင်း (Self head)

၂။စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း (Co-operation)

၃။လုံ့လဝီရိယရှိဖြင့် အားထုတ်ဆောင်ရွက်ခြင်း (Diligence) တို့ဖြစ်ပါသည်။

၎င်း အဓီကသော့ချက်(၃)ခုကို အရင်းတည်၍ ကိုရီးယားနိုင်ငံသည် အစိုးရ၏နှစ်ရှည် နှစ်တို စီမံကိန်းများချမှတ် အကောင်းအထည်ဖော်နိုင်မှုနှင့် မိမိကိုယ်တိုင်ကျိုးစားမှဖြစ်မည်ဟူသော ပြင်းပြ သည့်စိတ်ဓာတ်တို့ဖြင့် ကြိုးစားဆောင်ရွက်မှုတို့ကြောင့် အဆင်းရဲဆုံးနိုင်ငံမှသည် အချမ်းသာဆုံးနိုင်ငံ အဖြစ်သို့ရောက်ရှိခဲ့ရသည်။ ကိုရီးယားနိုင်ကဲ့သို့ပင် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအသီးသီးနှင့် သမဝါယမ အသင်းများအနေဖြင့် မိမိတို့၏စီးပွားရေးလုပ်ငန်းများကို ဖော်ပြပါအဓိကသော့ချက်(၃) ခုဖြင့် လုပ်ဆောင်သွားပါက အောင်မြင်ရန်မလွဲဧကန်ဖြစ်ပါတော့သည်။

          ထိုကဲ့သို့လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း မိမိတို့၏စိတ်ကိုအားပေးမြှင့်တင် ဆောင်ရွက် သွားရန်လိုအပ်ပါသည်။ စိတ်ဓာတ်မြှင့်တင် ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခုကို ဆောင်ရွက်မည် ဆိုပါက “ထိုအလုပ်ကိုကျွန်ုပ်တို့လုပ်မည်”(We will do it) ဟု ဦးစွာခိုင်မာ ပြက်သားသော သံန္ဒိဌာန် ချမှတ်ဆောင်ရွက်ရမည်။ထို့နောက်ဆောင်ရွက်လုပ်ကိုင်မည့်လုပ်ငန်းများအပေါ် မိမိကိုယ်ကိုယ် ယုံကြည်စိတ် အပြည့်ဖြင့် “ထိုအလုပ်ကို ကျွန်ုပ်တို့ လုပ်ကိုင်နိုင်သည်”(We can do it) ဟု မိမိစိတ်ကိုအသိပေး နှိုးဆော်နိုင်ရမည်။ ထိုကဲ့သို့ ဆောင်ရွက်လုပ်ကိုင်လာပြီးနောက် မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွား ရမည့် လုပ်ငန်းများအဖြစ် “ကျွန်ုပ်တို့လုပ်ကိုလုပ်ရမည်”(We must do it) ဟူသော တာဝန်သိစိတ်ဓာတ် ထပ်မံဖြည့်သွင်း၍ ဆောင်ရွက်သွားပါက အောင်မြင်မှုက လက်ကမ်းကြို နေမည်ဖြစ်ပါတော့သည်။

          ထိုကဲ့သို့အောင်မြင်နိုင်ရန် အဓိကသော့ချက်(၃)ချက်၊ စိတ်ဓာတ်မြှင့်တင်ပြုပြင်ရေး (၃) ချက်တို့အပါဝင် သမဝါယမအသင်းများအချင်းချင်း၊ အသင်းသားများအချင်းချင်းနှင့် ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ လူမှုရေး၊ စီးပွားရေးတို့ကို အဆင့်မြှင့်တင် ထိန်းကြောင်းပေးခြင်းအားဖြင့် နိုင်ငံတော်ကိုတစ်ဘက်တစ်လမ်းမှ အထောက်အကူပြုလျှက်ရှိပါသည်။ ယခုအခါ ဝလုံးရေးဝမှစခဲ့ သော သမဝါယမမှာ နှစ်တစ်ရာပင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဤကဲ့သို့စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်ပါက ပိုမိုအောင်မြင်လာနိုင်မည်ဖြစ်ပြီး မြန်မာ့လောကသာမက ကမ္ဘာ့လောကပါ ပိုမို ကောင်းမွန်ရေးဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်းတင်ပြရင်း ၂၀၂၂ခုနှစ် ဇူလိုင်လ(၂) ရက်နေ့ တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ နှစ်တစ်ရာပြည့်အား ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါသည်။

နော်လီကို(မကွေး)

​ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm