Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် ဟွေဆင်ကျေးရွာ၌ MSY စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းနေမှု စစ်ဆေး


17 Jan,2024

လင်းခေး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟွေဆင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)အတိုးရငွေဖြင့် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သူနှင့် တာဝန်ရှိသူများက ဟွေဆင်ကျေးရွာ၌ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆွေးနွေးပြောကြားသည်။
လင်းခေးမြို့နယ် ဟွေဆင်ကျေးရွာ၌ ရွာတွင်းလမ်းအရှည် ၇၅၀ ပေ၊ အကျယ် ကိုးပေနှင့်အမြင့် လေးလက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း (MSY)အတိုးရငွေကျပ်သိန်း ၁၂၀ အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီက ဦးဆောင်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ဟွေဆင်ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်အေးမြင့်သူက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm