Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ကမ္ဘာလောကပိုမိုကောင်းမွန်ရေးသမဝါယမများကတည်ဆောက်ပေး”


28 Jun,2022

ခေတ်အဆက်ဆက်ဦးကျိုးပျောက်ကွယ်သွားခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့ နိုင်ငံအသီးသီး၌ပါ အောင်မြင်လျှက်ရှိသော သမဝါယမအသင်းများသည် ရှေးယခင်ကတည်းက ပြည်သူများ ကောင်းစားရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့သော အသင်းအဖွဲ့များဖြစ်ပါသည်။ One For All , All For One  ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်ဦးစီ၏ အကျိုးစီးပွားကို အများက ၊ အများ၏ အကျိုးစီးပွားကို တစ်ဦးစီက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူမူဘ၀ မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များလည်းဖြစ်ပါသည်။

၁၉၀၅ ခုနှစ်၌ မြင်းမူမြို့တွင် အသင်းသား (၉၀)ဦးနှင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော သမဝါယမအသင်းများသည် ယခု ၂၀၂၂ ခုနှစ်ထိတိုင် နှစ်ပေါင်း (၁၁၇) နှစ်တိုင် ခိုင်မာသော လုပ်ငန်းစဉ်များ ၊ ရည်မှန်းချက်များ ၊ ဦးတည်ချက်များဖြင့် ပြည်သူများ (အထူးသဖြင့် တောင်သူ လယ်သမားများ) လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအား တစ်ဖက်တစ်လမ်း ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ၏ (၃)ပုံ(၂)ပုံမှာ သမဝါယမအသင်းသားများ အဖြစ် ပူးပေါင်းပါ၀င်လာကြပြီဖြစ်ပြီး အခြေခံ လက်လုပ်လက်စားပြည်သူများ ၊ တောင်သူ လယ်သမား ပြည်သူများ၏ နေ့စဉ် လူမူစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ၊ လူမူအသိုက်အ၀န်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးတို့ကို စုပေါင်းအင်အားဖြင့် (၇၀)ရာခိုင်နှုန်းအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သမဝါယမလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက် ရှိကြပြီး သမဝါယမဦးတည်ချက်နှင့် လုပ်ငန်းစဉ်များအတိုင်း ပြည်သူများ လူမူစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် တိုင်းပြည်စီးပွားအား တစ်ဖက်တစ်လမ်းမှ ကူညီရန်အတွက် အသင်းသား ပြည်သူများကလည်း ပူးပေါင်းပါ၀င်ဆောင်ရွက်ကြသဖြင့် အောင်မြင်မှုများရရှိကြောင်း တွေ့ရှိရ ပါသည်။မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပါ၀င်သော နိုင်ငံဖြစ်သဖြင့် သမဝါယမဦးတည် ချက်များ၊ ရည်မှန်းချက်များအား အပြည့်အ၀အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း တစ်ဖက်တစ်လမ်းမှာ ပြည်သူ့စီးပွား ၊ နိုင်ငံအကျိုးစီးပွားအား တိုးတက်အောင်ဆောင်ရွက်လျှက် ရှိပါသည်။

နိုင်ငံ၏ (၇၀)ရာခိုင်နှုန်းသော ပြည်သူများမှာ တောင်သူလယ်သမားများဖြစ်သဖြင့် အသေး စားအရင်းအနှီးချေးငွေများ ထုတ်ပေးခြင်း ၊ လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်သဖြင့် လယ်ယာလုပ်ငန်းများတွင် အချိန်ကုန် လူပင်ပန်းသက်သာစေခဲ့ပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ လက်လုပ်လက်စား ပြည်သူအသင်းသားများကိုလည်း အတိုးနှုန်းသက်သာစွာဖြင့် အရင်းအနှီးချေးငွေများ ထုတ်ချေး ခြင်း ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကိုလည်း အရင်းအနှီးချေးငွေများ ထုတ်ပေးခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို သမဝါယမ ကဏ္ဍမှ ထိထိရောက် ရောက် အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် သဘာ၀ဘေးအန္တရာယ်များ ၊ ကပ်ရောဂါဆိုးများ ဖြစ်ပွှားလျှက်ရှိပြီး ၄င်းတို့၏ သက်ရောက်မှုကြောင့် ပြည်သူများသည် စားနပ်ရိက္ခာမလုံလောက်မှု ၊ အဟာရမမျှတမှု၊ မပြည့်၀မှုများ ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလဖြစ်ပါသည်။မြန်မာ့သမဝါယမသည် အာဆီယံ စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံဖြိုးတိုးတက်ရေးအဖွဲ့တွင် အဖွဲ့၀င်အဖြစ် ပါ၀င်ခဲ့ပြီးဖြစ် သဖြင့် ပြည်သူများ လူနေမှု အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကပ်ရောဂါဆိုးများ ၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပြည်သူများ ဆင်းရဲနွမ်းပါးမှု မဖြစ်ပေါ်စေရေး ၊ ပြည်သူများ သက်သာချောင်ချိရေးအတွက် တတ်နိုင်သည့် ဘက်မှ အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးလျှက် ရှိပါသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတွင်းရှိ သမဝါယမအသင်းသား ၊ ပြည်သူများနှင့် အာဆီယံ ဒေသတွင်းရှိ သမဝါယမအသင်းသားပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများ ပြေလည်စေ ရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများရှိ သမဝါယမအသင်းများအားလုံးက အလေးထား ဆောင်ရွက်ပေးလျှက်ရှိပြီး သမဝါယမအသင်းများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက် နှုန်း တိုးတက်မြင့်မားလာစေရေး ၊ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိရေး ၊ တန်ဖိုးမြင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ ထို့နည်းတူ မြန်မာ့သမဝါယမကဏ္ဍမှလည်း မိမိတို့နိုင်ငံအတွင်းရှိ သမဝါယမအသင်းနှင့် အသင်းသားများ အတွက် စား၀တ်နေရေးပြေလည်စေရန် နှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် မြန်မာတွင်သာမက

ကမ္ဘာ့အဆင့်မီ စံပြသမဝါယမအသင်းများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အသင်းသား တောင်သူလယ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာပြီး လူနေမှု အဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ပါသည်။သို့မှသာ ယခု ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ (၂)ရက်နေ့(စနေနေ့)တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ နှစ်(၁၀၀)ပြည့် ဆောင်ပုဒ်ဖြစ်သည့် “Co-operative Build a Better World” “ကမ္ဘာလောက ပိုမိုကောင်းမွန်ရေး သမဝါယမများက တည်ဆောက်ပေးဆောင်ပုဒ်နှင့်အညီ မြန်မာ့ သမဝါယမစနစ်ဖြင့် စီးပွားရေး မဏ္ဍိုင် မြင့်တက်လာမှုကို မြန်မာတွင်သာမက ကမ္ဘာ့အာဆီယံနိုင်ငံများတွင်ပါ ဂုဏ်ယူဝင့်ကြွား နိုင်မည်ဖြစ်ပေတော့သည်။

၂၀၂၂ခုနှစ်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ နှစ်(၁၀၀)ပြည့်အားဂုဏ်ပြုလျှက်

စုပုံချစ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm