Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်(၁)ကျေးရွာ၌ ယိုမျိုးစုံထုတ်လုပ်မှုသင်တန်းဖွင့်


16 Jan,2024

ဘုတ်ပြင်း ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ အေးချမ်းမြိုင်(၁)ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၅ ရက်နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဒေါ်နန်းဖြိုးက ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ရရှိစေရန်နှင့် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ယိုမျိုးစုံထုတ်လုပ်မှုသင်တန်းသို့ ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်(၁)ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက ခရမ်းချဥ်သီးယို၊ သင်္ဘောသီးယို၊ သရက်ယို၊ နာနတ်ယို၊ ကျောက်ဖရုံယို၊ ဂွေးချဥ်သီးယို၊ မရမ်းယို၊ ရှောက်ယို၊ ရှောက်ပြားနှင့် မန်းကျည်းဖလိပ်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ ခုနစ်ရက်ကြာ အခမဲ့ လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm