Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ် သံက္ကချိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများအား တတိယအကြိမ်ပြန်လည်ထုတ်ချေးပေး


15 Jan,2024

ပြင်ဦးလွင်  ဇန်နဝါရီလ ၁၅

            ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော သက္ကံချိုင်းကျေးရွာ အုပ်စု၊ သက္ကံချိုင်းကျေးရွာတွင် (တတိယကြိမ်) မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအား အပ်/ထုတ်စနစ်ဖြင့် သက္ကံချိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ ပါသည်၊။

            အဆိုပါ (တတိယကြိမ်) မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၃၄၇)သိန်းအား စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၅၂)ဦးထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။

            ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းဝိသေသများ၊ စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းများ နှင့် ကာလသတ်မှတ်ချက်များ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm