Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျိုင်းတုံမြို့ရှိ ရုံများ၊ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေး


12 May,2024

နေပြည်တော် မေ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေလ ၁၁ ရက်၊ နေ့လည်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာနအလိုက်၊ ရုံးအလိုက် ဝန်ထမ်းသက်သာချောင်ချိရေးကို ဆောင်ရွက်ပေးရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်း ဘဝ မြင့်မားတိုးတက်ရေးအတွက် ဌာနတွင်း ရာထူးတိုးစာမေးပွဲများ ယှဉ်ပြိုင်သကဲ့သို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ခေါ်ယူသော တစ်ဆင့်မြင့်ရာထူးများအတွက်လည်းကောင်း၊ နိုင်ငံခြားပညာသင်ဆု များကိုလည်းကောင်း အရည်အချင်းကိုက်ညီသူများအနေဖြင့် ဝင်ရောက်ဖြေဆိုကြရန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန်စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သမဝါယမဦးစီးဌာနအနေဖြင့် လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးများက လိုအပ်သည်များ ကြိုတင်စီမံ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm