Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစနစ် စီမံကိန်းမိတ်ဆက်ရှင်းလင်း


15 Jan,2024

ဘုတ်ပြင်း ဇန်နဝါရီ ၁၅
တနင်္သါရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြိမ်မဲတောင်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆိုလာအသေးစားဓါတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစနစ် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တနင်္သါရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က စီမံကိန်းနှင့်စပ်လျဥ်းပြီး အကျဥ်းချုပ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အမှာစကားပြောကြားပြီး ကြိမ်မဲတောင်ကျေးရွာ ကိုယ်စားလှယ် ဦးမင်းလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဘုတ်ပြင်းမြို့နယ် ကြိမ်မဲတောင်ကျေးရွာ၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်နှင့် အအေးခန်းသိုလှောင်ရုံစနစ် စီမံကိန်းလုပ်ငန်းကို မဲခေါင်-လန်ချန်း အထူးထောက်ပံ့ရန်ပုံငွေ (၂၀၂၃)နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်ထောက်ပံ့ငွေ (၆၀)ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံငွေ (၂၀)ရာခိုင်နှုန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ (၂၀)ရာခိုင်နှုန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများပြီးစီးပါက ကြိမ်မဲတောင်ကျေးရွာ၌ ဆိုလာလျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝရရှိပြီး ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တနင်္သါရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြိမ်မဲတောင်ကျေးရွာပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm