Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်းမြို့နယ်ရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ


16 May,2024

နေပြည်တော် မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေလ ၁၆ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ထန်းတောနှင့် ကြံပင်ကျေးရွာသို့ သွား ရောက်ပြီး အသင်းသားတောင်သူ (၆၁) ဦး၏ လယ်မြေ (၂၀၂) ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေး၊ လိုအပ်သော စိုက်ပျိုးရေ ရရှိရေး တို့အတွက် ညှိနှိုင်းမှာကြားသည်။

ယင်းနောက် ဝါစိုက်အသင်းသားတောင်သူများက သီးနှံဖျက်ပိုးကျရောက်မှု ကူညီဆောင်ရွက်ပေး ရေး၊ ကျေးရွာအဝင်တံတား တည်ဆောက်ပေးရေးနှင့် စိုက်ပျိုးရေလိုအပ်ချက်များ တင်ပြမှုများအပေါ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ်တို့က ပြန်လည် ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝါစိုက်အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ်မည့် B-31 ဝါမျိုးအိတ်များနှင့် စမ်းဝတီ သဘာဝမြေဩဇာအိတ်များကို ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ပျဉ်တပ်ရပ်ကွက်ရှိ အောင်ချမ်းသာ ဝါစက်နှင့် သီးနှံစုံရောင်းဝယ်ရေးသို့ သွားရောက်ကြည့်ရှုပြီး ဝါကြိတ် ဝါဖိစက်များ ထပ်မံတိုးချဲ့ ဆောင်ရွက် နိုင်ရေး၊ ဝါစေ့ဆီ ကြိတ်ရန်အတွက် ဆီစက်တည်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူ (၈၃) ဦး၏ လယ်မြေဧက (၂၁၀)တွင် မိုးကြိုဝါများ စိုက်ပျိုးနေကြသည့် လင်းလင်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံရာ၌ မိုးကြိုဝါများ အောင်ရေရရှိရေးအတွက် တွင်းတိမ်များ တူးဖော်ပေးရေး၊ မိုးကြိုဝါစိုက်အပြီး မိုးစပါး (၁၈၀၀)ဧက စိုက်ပျိုးရန်အတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ကူညီပံ့ပိုးပေးရေး တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံး၌ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးထားသော ခြံထွက် စိန်တစ်လုံးသရက်သီးများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm