Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ် မထီစံပြ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ပဉ္ဓမအကြိမ်ထုတ်ချေး"


23 Dec,2023

    တောင်တွင်းကြီး၊ဒီဇင်ဘာ ၂၂
   မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက

မထီစံပြကျေးရွာ၌ မြစိမ်းရောင်ကျေး ရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္ဓမအကြိမ်ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၂၁ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်
က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်း ရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
   ဆက်လက်၍တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေး ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်း လင်းပြောကြားပြီး မထီစံပြကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅ဒဿမ၃၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်တာဝန်ရှိသူများကမြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူမထီစံပြ ကျေးရွာတွင်
ပဉ္ဓမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ ခုနစ်ဦး ကိုငွေကျပ် ၁ဒဿမ၇၅သန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၈ဦးကိုငွေကျပ်၉ဒဿမ ၃ သန်း၊အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ၉၆ဦးကိုငွေကျပ်၂၃ဒဿမ
၁သန်း၊အသက်မွေးဝမ်းကျောင်းလုပ် ငန်းလုပ်ကိုင်သူ ငါးဦးကိုငွေကျပ်
၁ ဒဿမ ၂သန်း၊စုစုပေါင်းအသင်း သား၊အသင်းသူ  ၁၄၆ဦးကိုအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၅ ဒဿမ ၃၅သန်းထုတ်ချေးပေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm