Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၂)ခုကိုဆောင်ရွက်ပေးသွားမည်


25 Apr,2022

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၂)ခုကိုဆောင်ရွက်ပေးသွားမည်

 

မြင်းခြံ    ဧပြီ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ မြို့နယ်များအတွင်း၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ၂၇၈ ဒသမ ၃၇၈ ကျပ်သန်း အသုံးပြု၍ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးလုပ်ငန်း(၁၂)ခု အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြင်းခြံခရိုင်အတွင်းရှိ ငါန်းဇွန်မြို့နယ်၌ တောင်ကုန်း၊ မြင်သာ၊ ဝေပုလ္လကျေးရွာသုံးရွာတို့၌လည်းကောင်း၊ တောင်သာမြို့နယ်၌ ရွှေပြည်သစ်(မြိုင်သာယာတောတိုက်အနောက်ပိုင်း)၊ အုတ်ရှစ်ပင်(ရွှေကျင်တောတိုက်)၊ ရထားကုန်းကျေးရွာသုံးရွာတို့၌ လည်းကောင်း၊ နွားထိုးကြီးမြို့နယ်၌ အောင်းပန်းကုန်း၊ ညောင်ပင်သာ၊ ကျောင်းကန်ကြီးပင်ကျေးရွာသုံးရွာ၌လည်းကောင်း၊ မြင်းခြံမြို့နယ်၌ ကျောက်ရံ၊ ‌ညောင်ပင်၊ သညက္ကံကျေးရွာသုံးရွာ၌လည်းကောင်း စုစုပေါင်းကျေးရွာ(၁၂)ရွာ၌ ကျေးလက်ဒေသ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း(၁၂)ခုကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၇၈ ဒသမ ၃၇၈ ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ယခုအခါလုပ်ငန်းများစတင်ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာကပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ရေရရှိရေးနှင့်ဆက်စပ်လုပ်ငန်း(၁၂)ခုကို ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ  ၁၈၈၇ အိမ်၊ လူဦးရေ ၈၄၉၃ ဦးနှင့် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များအား သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကျိုးပြု မည်ဖြစ် ကြောင်းသိရသည်။

စိုးမိုးကျော်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm