Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလု်ပငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာနှစ်ရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း


21 Nov,2023

တောင်သာ  နိုဝင်ဘာလ   ၂၁

မြင်းခြံခရိုင် ကွပ်ကဲမှုအောက်ရှိ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်‌ဆောင်ရွက်ခဲ့သည့် ကျောက်ရင်းကျေးရွာနှင့်အိုးဘိုကျေးရွာ၏ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အားယနေ့နံနက်ပိုင်းအချိန်က သွားရောက်ကွင်းဆင်းခဲ့ကြောင်းသိရပါသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြင်းခြံခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီး မှူး ဒေါ်ကြည်ကြည်မာ၊တောင်သာမြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊တာဝန်ရှိသူ အင်ဂျင်နီယာနှင့် စီမံကိန်းတာဝန်ခံများ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထို့နောက် ခရိုင်ဦးစီးမှူးဒေါ်ကြည်ကြည်မာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသည့်     ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း      အရှည်၆၂၅ပေ၊     အကျယ်၁၂လက်မ၊ ၆လက်မထုရှိ  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း  ကြည့်ရှု့စစ်ဆေးပြီးလုပ်ငန်းများ    သတ်မှတ်စံချိန် စံညွှန်း များနှင့်အညီပြီးစီးရေး ရှင်းလင်းပြောကြားပါသည်။

အဆိုပါ    ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့်   လုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၁၅) သန်းနှင့် ပြည်သူထည့်ဝင်ငွေများ ပေါင်းစပ်၍ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm