Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းနှင့်အမှုထမ်းများအား စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (T o T) ဖွင့်ပွဲအခမ်းအနားကျင်းပ


15 Mar,2022

နေပြည်တော် မတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့သော ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများနှင့်အမှုထမ်းများအား ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော အသက်မွေးပညာသင်တန်းများ ပြည်သူလူထုသို့ ဖွင့်လှစ်ပို့ချရာတွင် သင်တန်းနည်းပြများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် နိုင်ငံတစ်ဝှမ်းကျယ်ပြန့်စွာ သင်တန်းများ ပို့ချပေးနိုင်ရန်၊ တာဝန်ကျရာ ဒေသတွင်း ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များထုတ်လုပ်နိုင်ရန်၊ အသေးစားစက်မှု လက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများသို့ ကုန်ထုတ်လုပ်မှုနည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (T o T) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းနှင့်အမှုထမ်း(၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး ဒေသထွက်သီးနှံများကို အခြေခံသော တန်ဖိုးမြှင့်စားသောက်ကုန်ဖြစ်သည့် သစ်သီးယို၊ သစ်သီးခြောက်၊ ဖျော်ရည်၊ ဝိုင်၊ ဆော့စ်နှင့်ဂျယ်လီပြုလုပ်နည်းများ၊ ဆန်နှင့်ဂျုံအခြေခံ ကိတ်မုန့်၊ ကွတ်ကီးနှင့် ပီဇာပြုလုပ်နည်းများနှင့် ရေခဲမုန့်နှင့်ရေခဲချောင်းအမျိုးမျိုးပြုလုပ်နည်းများကိုလည်းကောင်း၊ လူသုံးကုန်ထုတ်ကုန်များဖြစ်သည့် ဘတ်စုံသုံးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာနှင့် ပန်းကန်ဆေး ဆပ်ပြာကဲ့သို့ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းများ၊ လက်သန့်ဆေးရည်၊ Body / Face Scrub ပြုလုပ်နည်းများကိုလည်းကောင်း စာတွေ့/လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သင်တန်းပြီးဆုံးပါက တာဝန်ကျရာဒေသများတွင် အသက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်မည့် အရည်အသွေးပြည့်ဝသော နည်းပြများအဖြစ်ဆောင်ရွက်နိုင်ပြီး ပြည်သူများသို့ နည်းပညာများ ပြန်လည်ဖြန့်ဝေပို့ချပေးနိုင်ကာ ကျေးလက်ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ ထူထောင်လာခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ပေးနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm