Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ်၊ နားပဲ့ကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှုအား စစ်ဆေး


01 Jan,1970

အောင်လံ  ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ် အင်ရုံ ကျေးရွာအုပ်စု၊ နားပဲ့ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေကို ယနေ့ နံနက် ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက   ကျေးရွာရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ စက်ရေတွင်း အကျယ် လေးလက်မ၊ အနက် ၅၀၀ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ 5.5HP ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀ဒသမ ၃၆၈၅သန်းဖြင့် တင်ဒါအောင်မြင်သည့် အာသာဝတီကုမ္ပဏီမှလည်းကောင်း၊ 7.7 KW ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းကို  ပြည်ထောင်စုရန်ပုံငွေကျပ် ၂၁ဒသမ၅၆၇သန်းဖြင့် တင်ဒါအောင်မြင်သည့်Pro Engineeringကုမ္ပဏီတို့က ယခုနှစ်ဇွန်လ စတုတ္ထအပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာယခုအခါ  လုပ်ငန်းအားလုံး၏ ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နားပဲ့ကျေးရွာ အိမ်ခြေ ၂၂၁အိမ်၊ လူဦးရေ ၈၀၆ဦးနှင့် ကျွဲ၊နွားတိရိစ္ဆာန်တို့မှစ၍ နွေရာသီကာလ သောက်သုံးရေရှား ပါးသည့်ပြဿနာများ  မရှိတော့ဘဲ နှစ်ပတ်လည် ရေဖူလုံစွာသုံးစွဲနိုင်ခြင်းစသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm