Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘဏ္ဍာ‌ရေးဆိုင်ရာအသိပညာပေး(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲ ကျင်းပ


11 Mar,2022

နေပြည်တော် မတ် ၁၁
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင် ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော ဘဏ္ဍာ‌ရေးဆိုင်ရာအသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို သမဝါယမဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့ နေ့လည် (၁:၀၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးခဲ့သည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး မှ အမှာစကားပြောကြားရာတွင် သင်တန်းသား/သူများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲသည်မှစ၍ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို မိမိတို့တာဝန်ထမ်းဆောင်မည့် ကဏ္ဍအသီးသီးတွင် လက်တွေ့အသုံးချနိုင်ရေးအတွက် ဆက်လက်လေ့လာသွားရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း (ဒုတိယအကြိမ်) ကို သင်တန်းသား/ သူ (၁၂၅)ဦးဖြင့် (၃-၃-၂၀၂၂)မှ (၁၁-၃-၂၀၂၂) ရက်နေ့ထိ နေ့လည် (၁:၀၀) နာရီမှ ညနေ(၃:၀၀) နာရီထိ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိ ဌာနဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား Online မှတစ်ဆင့် Zoom Application ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm