Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၅) (သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)


09 Jun,2023

ပျော်ရွှင်ချမ်းမြေ့စွာ အသုံးပြုနေကြပြီဖြစ်ပါသည်။

          ၎င်းရေသန့်စက်များကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အလုံး ၁၁၀၊ နယ်စပ် ရေးရာဝန်ကြီးဌာနက အလုံးရေ ၁၀၀ စုစုပေါင်း ၂၁၀ လုံး ဝယ်ယူထောက်ပံ့ခဲ့ခြင်းဖြစ်၏။ တစ်လုံး၏ တန်ဖိုးမှာ ၉ သိန်းကျပ်ဖြစ်သည်။ မြို့နယ်အလိုက် ဖြန့်ခွဲထားရှိမှုမှာ စစ်တွေမြို့နယ် ၃၀ လုံး၊ ပုဏ္ဏား ကျွန်းမြို့နယ် ၂၀ လုံး၊ ပေါက်တောမြို့နယ် ၂၃ လုံး၊ ရသေ့တောင်မြို့နယ် ၅၀ လုံး၊ မြောက်ဦးမြို့နယ် ၂၀ လုံး၊ ကျောက်တော်မြို့နယ် ၂၂ လုံး၊ မင်းပြားမြို့နယ် ၂၀ လုံး၊ မြေပုံမြို့နယ် ၁၅ လုံး၊ မောင်တော မြို့နယ် ၅ လုံး၊ ဘူးသီးတောင်မြို့နယ် ၅ လုံးဖြစ်ပါသည်။ ယင်းသို့ဖြန့်ဝေပေးပို့ရာတွင် ရွာသူရွာသား များ စနစ်တကျအသုံးပြုတတ်စေရန်အတွက် ရေသန့်စင်စက်တပ်ဆင်နည်း၊ နေ့စဉ်အပတ်စဉ် လစဉ် သန့်ရှင်းရေးပြုလုပ်နည်း၊ ရေစစ်ကရိယာများ အစားထိုးလဲလှယ်ရမည့် အချိန်ကာလပါဝင်သော လမ်းညွှန်စာရွက်လေးများကိုပါ တစ်ပါတည်းရှင်းလင်းပြသပေးပို့ခဲ့ပါသည်။

ရွေ့လျားရေသန့်စက်များ ထပ်မံပေးပို့

          ကျေးရွာများရှိမြေသားရေစုကန်များမှ နောက်ကျိနေသောရေကို စုတ်ယူသန့်စင်၍ ရွာသူ ရွာသားများအား ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာအနေဖြင့် ရွေ့လျားရေသန့်စက်များ အစုံ ၂၀ တည်ဆောက်ပေးပို့လာပါသည်။ ထိုရွေ့လျားရေသန့်စက် များသည် ယခင်က ဂျင်နရေတာကို ပန့်နှင့်တွဲ၍ စုတ်ယူသန့်စင်သည့်စနစ်ဖြစ်သည်။ ကျေးရွာများ အနေဖြင့် စက်သုံးဆီသုံးစွဲရန် အခက်အခဲရှိနိုင်သောကြောင့် ဂျင်နရေတာအစား 470W ဆိုလာ ၂ ချပ်၊ ၀ ဒဿမ ၅ ပန့် ၁ လုံးတွဲ၍ သုံးနိုင်အောင်တည်ဆောက်ပေးခဲ့သည်။ တန်ဖိုးအားဖြင့် တစ်လုံးလျှင်  ၂၆ သိန်း ကုန်ကျခဲ့ပါသည်။ သန့်စင်ပေးနိုင်မှုအခြေအနေမှာ ၁ နာရီလျှင် ရေဂါလံ ၃၀၀ ခန့် စုတ်ယူသန့်စင်ပေးနိုင်ပါသည်။ ယင်းရွေ့လျားရေသန့်စက်များကိုလည်း မြို့နယ်အလိုက် ကျေးရွာ များတွင် လှည့်လည်အသုံးပြုသန့်စင်ပေးနိုင်ရေးခွဲဝေပေးပို့သွားမည်ဖြစ်ပါသည်။

 

 

ရေကန်များအား ပြန်လည်တူးဖော်သန့်ရှင်းရေးဆောင်ရွက်ပေး

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် ရခိုင်ပြည်နယ်အတွင်း၌ ကျေးရွာများ သောက်သုံးရေရရှိရေးအစီအစဉ်ဖြင့် ရေကန်များ တူးဖော်ပေးခဲ့ရာ ၎င်းကန်များထဲမှ စစ်တွေတွင် ၂၀ ကန်၊ ပုဏ္ဏားကျွန်းတွင် ၄၅ ကန်၊ ရသေ့တောင် တွင် ၄၃ ကန်၊ ပေါက်တောတွင် ၂၀ ကန်၊ မြောက်ဦးတွင် ၄၃ ကန်၊ ကျောက်တော်တွင် ၆ ကန်၊ မင်းပြားတွင် ၃၃ ကန်၊ မြေပုံတွင် ၁၁ ကန်၊ စုစုပေါင်း ၂၂၂ ကန်သည် ရေငန်ဝင်ရောက်မှု၊ ပြန်လည် သန့်စင်ရန်လိုအပ်မှုတို့ကြောင့် ပြန်လည်တူးဖော်သန့်စင်ပေးလျက်ရှိသည်။ ဇွန်လ ၈ ရက်နေ့ထိ ဆောင်ရွက်ပြီးစီးမှုမှာ တူးဖော်ပြီး ၁၇၉ ကန်၊ တူးဖော်ဆဲ ၃၂ ကန်၊ တူးဖော်ရန်ကျန် ၁၁ ကန်ဖြစ် ပါသည်။ တစ်ဆက်တည်းမှာပင် မိုခါမုန်တိုင်းဒဏ်ကြောင့် ရေကန်အချို့တွင် ကာရံထားသော ခြံစည်းရိုးများ လဲပြိုသွားခြင်း၊ လက်တူးတွင်းများ၏ အမိုးများ လေနောက်လွင့်ပါကုန်ခြင်းတို့ဖြစ် ပေါ်ခဲ့ရာ ၎င်းရေတွင်းရေကန်များကိုလည်း ပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါသည်။

ရွှေကိုမလို ရေကိုသာလိုသည်

          မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် စစ်တွေမြို့တွင်းရှိ ရပ်ကွက်အချို့တွင် ရွေ့လျား ရေသန့်ကားဖြင့် ရေပေးဝေနေမှု၊ ဆိုလာသုံးရေသန့်စက်များဖြင့် ရေစုတ်ယူပေးဝေနေမှုများကို ကျွန်တော်လိုက်လံကြည့်ရှုခဲ့ပါသည်။ အချို့က ရေသန့်ကားနောက်မှာ အိုးတွေခွက်တွေရေပုံးတွေ ချကာ တန်းစီရေယူရသည်ကို မစောင့်နိုင်တော့ပဲ ရေကန်ထဲမှ ဝါကျင်ကျင်ရေတွေကို ဆင်းခတ်ပြီး သယ်ယူသွားကြသည်ကိုတွေ့မြင်ခဲ့ရ၏။ သုံးရေအတွက် ရည်ရွယ်ပြီးခတ်သွားလျှင် ကိစ္စမရှိ၊ သောက် ရေအတွက် ရတာယူသွားပြီး ကျိတ်မှိတ်သောက်နေကြမည်လားဟု စိုးရိမ်စိတ်ပွားမိသည်။ သဘာဝ ဘေးသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးမှအစ မြို့နယ် အသီးသီးမှ ကျေးရွာများသည် သန့်ရှင်းသော သောက်သုံးရေလိုအပ်နေဦးမည်မှာ သေချာသည်။ ကျွန်တော်တို့ပို၍ ကူညီလုပ်ကိုင်ပေးရပါဦးမည်။ အထူးသဖြင့် မြေသားရေစုကန်များကိုသာ အား ထားနေရသော ကျေးရွာများစွာရှိနေပါသေးသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးလျှင် ကျွန်တော်တို့ အတွက်လည်း ရေအကျိုး ၁၀ ပါးက မတောင်းဘဲပြည့်နေမည်မှာ သေချာလှပေသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm