Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်-ဈေးမသွယ်-တောင်ကလေး လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


20 Mar,2023

ဘားအံ မတ် ၁၈

           (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေဖြင့် ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော လှာကမြင် - ဈေးမသွယ် -တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၇ ရက်က လှာကမြင်ကျေးရွာအုပ်စု ဈေးမ သွယ်ကျေးရွာ၌ ကျင်းပသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သည့် လမ်းသည် တောင်ကလေး-စံပနုံ-တောင်ဝိုင်းလမ်းနှင့် မဲဘောင် - နောင်ပလိန်လမ်းတို့ကို အဓိက ဆက်သွယ်ထားသည့် လမ်းတစ်လမ်းဖြစ်ပြီး မဲဘောင်- နောင်ပလိန်လမ်းမှတစ်ဆင့် ဘားအံ - ကော့ကရိတ် - မြဝတီအာရှလမ်းမကြီးကို လည်းကောင်း၊ တောင်ကလေး - စံပနုံ-တောင်ဝိုင်းလမ်းမှ တစ်ဆင့်ဘားအံ - လှိုင်းဘွဲလမ်းမကြီးကိုလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများ၏  စိုက်ပျိုးမွေးမြူရေး သွင်းကုန်ထုတ်ကုန်များကို အလွယ်တကူ သယ်ယူတင်ပို့နိုင်မည် ဖြစ်သည့်အပြင် ဘုရားဖူးခရီးသွား ဧည့်သည်များအတွက်လည်း ကရင်ပြည်နယ်၏ အထင်ကရနေရာများ ဖြစ်သည့် သာမညတောင်၊ ဣစ္ဆာသယသဘာဝလိုဏ်ဂူတော်၊ တောင်ဝိုင်းတောင်၊ ဗုဒ္ဓဂယာနှင့် တောင်ကလေးသို့ အချိန်တိုအတွင်း လည်ပတ်သွားလာဖူးမြော်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေကာ ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက လှာကမြင်-ဈေးမသွယ်-တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

            လှာကမြင် - ဈေးမသွယ် - တောင်ကလေးလမ်း ကွန်ကရစ်လမ်းသစ်သည် မူလမြေသားလမ်း အရှည် တစ်မိုင် ၆ ဒသမ ၂၅ ဖာလုံရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ဖြည့်စွက်ရန်ပုံငွေ ၁၉၉ ဒသမ ၆၈ သန်းဖြင့် အကျယ် ၁၄ ပေရှိ ကွန်ကရစ်လမ်း ငါးဖာလုံကို ဆောင်ရွက်ပြီးစီး ဖွင့်လှစ်ပေးနိုင်ခဲ့သည့် အတွက် ကျေးရွာ ၁၃ ရွာကို အကျိုးပြုစေမည်ဖြစ်ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဆောင်ရွက်ရန် ကျန်ရှိသည့်လမ်းပိုင်းတစ်မိုင်ကို ကွန်ကရစ်လမ်းအဖြစ် ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm