Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တံတားဉီးမြို့နယ် ပြူကန်စံပြကျေးရွာ၌ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်း အခမဲ့ ဖွင့်လှစ်


25 Apr,2022

တံတားဉီး ဧပြီ ၂၅

 

    ကျောက်ဆည်ခရိုင်အသေးစားစက်မှူလက်မှုလုပ်ငန်းဉီးစီးဌာနအနေဖြင့် လူသုံးကုန်များကို ပြည်တွင်းဖြစ် စံချိန်မီ အရည်အသွေး ကောင်းမွန်သော ကုန်ပစ္စည်းများပေါ်ထွက်လာစေရန် ၊  ပြည်တွင်း ဖြစ် နိုင်ငံခြားစံချိန်မီ အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊သွင်းကုန်အစားထိုး လူသုံးကုန်ပစ္စည်းများ တစ်ပိုင်တစ်နိုင် ထုတ်လုပ်၍ ဈေးကွက် တွင် ထိုးဖောက်ရောင်းချနိုင်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန် ၊ဌာနမှလူသုံးကုန်ထုတ်လုပ်မှု နည်းပညာများဖြန့ဝေပေးခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်စေရန်နှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဧပြီ လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တံတားဉီးမြို့နယ် ပြူကန်စံပြကျေးရွာ၌ အခမဲ့ ဖွင့်လှစ်ကြောင်း သိရသည်။

 

     သင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှူလက်မှူလုပ်ငန်းဉီးစီးဌာန တိုင်းဉီးစီးမှုး ဉီးဝင်းဗိုလ်၊ကျောက်ဆည်ခရိုင်အသေးစားစက်မှူလက်မှူလုပ်ငန်းဉီးစီးဌာနခရိုင်ဉီးစီးမှူး၊ဆက်စပ်ဉီးစီးဌာနမှ တာဝန်ရှိသူများ၊ကျေးရွာရပ်မိရပ်ဖများနှင့်သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။

 

     သင်တန်းကာလတွင် သင်ကြားပေးမည့်ဘာသာရပ်များအနေဖြင့် အ၀ တ်လျှော်ဆပ်ပြာဆီ ( သဘာဝနည်း ၊ ဓါတုနည်း ) ၊ ပန်းကန်ဆေး ဆပ်ပြာဆီ ( သဘာဝနည်း ၊ ဓါတုနည်း ) ၊ Shampoo ( သဘာဝ နည်း ၊ ဓါတု နည်း ) ၊ Body Shower Hand Washi Scrub အမျိုးမျိုး ၊ Hand Sanitizer ၊ Hand Spray ဆံသားအားဖြည့် ပေါင်းဆီ ၊ ဆပ်ပြာခဲ အမျိုးမျိုး ပြုလုပ်နည်း တို့ကိုသင် ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကုန်သွယ်မှုမြှင့်တင်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး ဘာသာရပ်များ၊ ဥပေဒဘာသာရပ်များအကြောင်း အသိပညာများ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

    အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို မင်းဘူးခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင် နည်းပြများ ကိုယ်တိုင် ဧပြီလ ၂၅ ရက်မှ ၂၉ ရက်နေ့ထိ စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းထူထောင်လိုပါက ဌာနမှ လိုအပ်သော အကြံဉာဏ်များနှင့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm