Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊မင်းဘူးခရိုင်ရုံးမှလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


25 Apr,2022

မင်းဘူး  ဧပြီ  ၂၅
            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဖွင့်လှစ်သောအသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်းဖြစ်သည့်လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅.၄.၂၀၂၂) ရက်နေ့၊နံနက်(၉:၀၀)နာရီတွင်မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်း၊မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးတင့်ကျော်၊ မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး နိုင်ကျော်ဦး၊ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်သင်တန်းသား/သူများ (၄၀)ဦးတက်ရောက်ခဲ့ကြပါသည်။
       မကွေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားလုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်၊မိသားစုဝင်ငွေတိုးပွားလာပြီး အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဒီသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ဒီသင်တန်းမှသင်ကြားပေးတဲ့နည်းပညာများကိုအခြေခံပြီးလုပ်ငန်းရှင်များဖြစ်တဲ့အထိကြိုးစားစေလိုကြောင်း၊နည်းပညာများနှင်ပါတ်သက်၍ထပ်မံသိလိုသည်များရှိပါကလည်းခရိုင်ရုံးနှင့်ချိတ်ဆက်၍တောင်းခံလို့ရကြောင်း၊ရရှိထားတဲ့နည်းပညာတွေကို updateမြှင့်ပြီးလုပ်ငန်းရှင်ဖြစ်တဲ့အထိတစ်စိုက်မတ်မတ်ကြိုးစားစေလိုကြောင်း၊သင်တန်းသားများမှလုပ်ငန်းလုပ်ကိုင်ရာတွင်အခက်အခဲတစ်စုံတစ်ရာရှိပါကဌာနနှင့်အထူးပူးပေါင်း၍ဖြေရှင်းဆောင်ရွက်စေလိုကြောင်း၊အခြားနည်းပညာများအားစိတ်ဝင်စားပါကဌာနမှသင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
        ထို့နောက်မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပါတ်သက်၍ရှင်းလင်းပြောကြားခဲ့ရာတွင်အဆိုပါသင်တန်းကိုမင်းဘူးမြို့နယ်အတွင်းရှိကျေးရွာ (၆)ရွာနှင့်မြို့ပေါ်ရပ်ကွက်များမှသင်တန်းသူ (၂၀)ဦးဖြင့် (၂၅.၄.၂၀၂၂)ရက်နေ့မှ (၂၉.၄.၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီးဓာတုဗေဒကုန်ကြမ်းပစ္စည်းများ၏အသုံးဝင်ပုံများအကြောင်း၊အဝတ်လျှော်ဆပ်ပြာဆီ၊ပန်းကန်ဆေးဆပ်ပြာဆီနှင့်ရေချိူးဆပ်ပြာဆီများအားသဘာဝနည်း၊ဓါတုနည်းများဖြင့်ပြုလုပ်နည်း၊သဘာဝခေါင်းလျှော်ရည်၊ဆပ်ပြာမှုန့်၊ scrubအမျိူးမျိူး၊ဆီအခြေခံဆပ်ပြာခဲအမျိူးမျိူးပြုလုပ်နည်း၊သဘာဝဆံသားအားဖြည့်ပေါင်းဆီ၊ Hand Wash၊ Hand Spray၊ Hand Sanitizer၊ Quality Control and Packagingနှင့်စားသုံးသူအကာအကွယ်ပေးရေးဥပဒေဘာသာရပ်များနှင့်ပါတ်သက်သည့်အကြောင်းအရာများ၊GHPနှင့်ပါတ်သက်သည့်သိကောင်းစရာများ၊အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများစသည့်ဘာသာရပ်များအား စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%)ဖြင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm