Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Computer Maintenance And IT Troubleshooting သင်တန်းဖွင့်လှစ်


12 Dec,2022

နေပြည်တော် ဒီဇင်ဘာ ၁၂

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းပညာဆိုင်ရာများ တိုးတက် လာစေရန် ရည်ရွယ်၍ Computer Maintenance and IT Troubleshooting သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က မိမိတို့ ဦးစီးဌာနရှိ ဝန်ထမ်းများ ကွန်ပျူတာနည်းပညာနှင့် ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းပညာဆိုင်ရာ အသိပညာများ တိုးတက်လာစေရန်နှင့် လုပ်ငန်းခွင် အဆင်ပြေချောမွေ့စေရေး ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ကြိုးစားသင်ယူကြရန် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။

ဆက်လက်၍ သင်တန်းနည်းပြ ဆရာများက သင်တန်းတွင် ပို့ချမည့် ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းပညာဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပြောကြားပါသည်။

အဆိုပါ Computer Maintenance and IT Troubleshooting သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ဝန်းထမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား(၂၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm