Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


25 Apr,2022

ဗန်းမော်  ဧပြီ   ၂၅ 

     ပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်၊ အလုပ်လက်မဲ့လူဦးရေလျော့နည်းစေရန်၊ ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများ သုံးစွဲမှုလျော့နည်းလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နန့်ဖားရပ်ကွက်၊ သိရီဓဇ(/က)ဘုန်းတော်ကြီးပညာသင်ရေးကျောင်း၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်  (၁၀:၀၀နာရီတွင် သင်တန်းသား/သူ (၂၅)ဦးဖြင့် ဖွင့်လှစ်ခဲ့သည်။

     အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ မှန်ကြည်ဆေး၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ Hand Gel  ကြမ်းတိုက်ဆေး စသည်တို့ကို (၂၅..၂၀၂၂ မှ ၂၉..၂၀၂၂ရက်နေ့အထိ (ရက်တာ စာတွေ့ /လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm